ချန်ပီယံပြောင်းချိန်တန်ပြီ ဆိုတဲ့ ဂွာဒီယိုလာ၊ ဆာလာဟာ တစ်ဆင့်မြင့်သူလို့ ချီးကျူးတဲ့ ဆလော့၊ ထရန့်ရဲ့ အခြေအနေနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အက်စတွန်ဗီလာကို ဒါဝင်၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရတဲ့နောက် လီဗာပူးအသင်းဟာ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်မှာ ပရီးမီးယားလိဂ်ကို ဦးဆောင်သွားပါပြီ။

မိုဆာလာဟာ ပြိုင်ပွဲစုံမှာ ကိုယ်တိုင် ၁၀ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၀ ကြိမ် လုပ်ထားနိုင်တာနဲ့အတူ လက်ရှိ ခြေစွမ်းကို ဆက်ထိန်းနိုင်ရင် ၂၀၂၅ ဘလွန်းဒီအော ရေပန်းစားမှုထဲ ပြန်ပါလာလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

မိုဆာလာဟာ ဒီနှစ်ရဲ့ ဘလွန်းဒီအောဆုမှာ ဆန်ကာတင် ၃၀ စာရင်းထဲတောင် မပါခဲ့သူ ဖြစ်ပါတယ်။

အီဂျစ်အသင်းဟာ အာဖရိကဖလား ခြေစစ်ပွဲအတွက် နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်မှာ ဆာလာကို ခေါ်ယူမှာ မဟုတ်ကြောင်း အတည်ပြုလိုက်ပါပြီ။

ဗီလာနည်းပြ အမ်မရီက ပွဲအပြီး ဆလော့ကို လေးစားကြောင်း ပြသပေမယ့် လီဗာပူးနည်းပြကတော့ ရိုးကျိုးစွာပဲ စပိန်သားကြီးအပေါ် တုန့်ပြန် လေးစားရှိကြောင်း တုန့်ပြန်သွားပါတယ်။

ဂွာဒီယိုလာကတော့ သူတို့ နောက်ဆုံး ၇ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလား ၆ ကြိမ် အနိုင်ရထားကာ အခြားအသင်း ပြောင်းပြီး ချန်ပီယံဖြစ်ချိန် တန်ပါပြီလို့ မှတ်ချက်ပေးပါတယ်။

မန်စီးတီး ရှုံးသွားတာက လီဗာပူးအသင်းသားတွေကို အပို လှုံ့ဆော်မှုတွေဖြစ်စေတယ်လို့ နည်းပြအာနယ် ဆလော့က အက်စတွန်ဗီလာပွဲအပြီး ပြောပါတယ်။

ထရန့်ရဲ့ ဒဏ်ရာ အခြေအနေ ပြင်းထန်မှုဟာ ပြောဖို့ ခက်ခဲသေးပေမယ့် အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ် မရှိပါဘူး။ နည်းပြဆလော့ကတော့ လက်ရွေးစင်ကနေ ထရန့် နှုတ်ထွက်ဖို့ မျှော်လင့်နေပါတယ်။

လီဗာပူးအသင်းမှာ တိုက်စစ်သမားတွေ အများကြီး ရှိပြီး အားလုံးက ဂိုးတွေသွင်းပေမယ့် ဆာလာက သူတို့တွေထက် တစ်ဆင့်မြင့်တဲ့သူ အဖြစ် ဆလော့က ချီးကျူးပါတယ်။

ဆာလာဟာ လီဗာပူးရဲ့ ဂန္တဝင်ဖြစ်ပြီး သိပ်ကောင်းတဲ့ ကစားသမားလို့ အသင်းဖော် မာကာက ချီးကျူးပါတယ်။

တိုက်စစ်သမားဟောင်း ရိုင်ယန်ဘာဘယ်ဟာ ဘောလုံးကစားခြင်းကနေ အနားယူပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။