ချန်ပီယံ ရေပန်းစားမှုမှာ အဆင့်တွေတက်လာခြင်း၊ ကလော့ပ်နဲ့ ကလပ်ကို တောင်းပန်ခြင်း၊ ဆာလာ စာချုပ်ကိစ္စနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အက်ဖ်အေနဲ့ ဒိုင်လူကြီး ဒေးဗစ်ကုတို့ဟာ လီဗာပူးအသင်းနဲ့ ယာဂင်ကလော့ပ်တို့ကို တောင်းပန်မှု လုပ်ခဲ့ပါတယ်။ ဒေးဗစ်ကုကို ဘယ်လို အရေးယူမလဲဆိုတာတော့ မသိရသေးပါဘူး။

ယူအီးအက်ဖ်အေကလည်း ဒိုင်လူကြီး ဒေးဗစ်ကုကို တာဝန်ကနေ ရပ်ဆဲလိုက်ပြီဖြစ်ကာ နေးရှင်းလိဂ်ပွဲတွေမှာ တာဝန်ယူခွင့် ပိတ်လိုက်ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းဟာ ဒီရာသီမှာ အမှတ်ပေးချန်ပီယံဖြစ်နိုင်ချေ ၆၀% ဝန်းကျင်ထိ ထိုးတက်လာပြီး မန်စီးတီးကိုပါ ကျော်တက်သွားပါပြီ။

ကောလာလတွေမှာ လီဗာပူးက ဆာလာကို အသင်းမှာ ဆက်နေဖို့ ဆွဲထားမှာဖြစ်ပြီး လက်ရှိပေးထားတဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲအတိုင်း ၂၀၂၈ ခုနှစ်ထိ ရှိနေမယ့် ၃ နှစ်စာချုပ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဆာလာကို စာချုပ်သစ် လက်မှတ်ထိုးကြေး ပေးရမယ်လို့လည်း ဖော်ပြခံထားရပါတယ်။

ဖက်ရှင်တို့ရဲ့ ထိပ်ခေါင် ကိုနတေးဟာ ဒီတစ်ကြိမ် နိုင်ငံတကာသီတင်းပတ်မှာတော့ ရိုးရိုးရှင်းရှင်း ဝတ်စုံဖြင့်ပဲ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ကြံ့ခိုင်မှုဆိုင်ရာ နည်းပြတစ်ဦးအဖြစ် David Breen ကို အသင်းထံ အပြီးသတ် ခေါ်ယူလိုက်ပါပြီ။

နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်ရဲ့ သတင်းစာမျက်နှာတွေမှာ လီဗာပူးနဲ့ အာနယ် ဆလော့တို့ရဲ့ နာမည်က ဖုံးလွှမ်းလို့နေပါတယ်။

နိုင်ငံတကာ သီတင်းပတ်အပြီး ယှဉ်ပြိုင်ရမယ့် စိန့်နဲ့ပွဲမှာ ဂိုးသမား ရမ်စ်ဒယ်ဟာ လက်ချောင်းခွဲစိတ်ထားမှုကြောင့် ပါနိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။

အသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆန်ကတော့ လီဗာပူးအသင်းထံ သူ ပြန်လာခဲ့ချိန်မှာ အသင်းသားတွေက အကောင်းမြင်စိတ်တွေ ပြည့်နှက်နေပြီး ခံစားချက်တွေ ကောင်းမွန်နေတာကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကလော့ပ်ခေတ်မှာ ဒိုင်လူကြီး ဒေးဗစ်ကု ကိုင်တွယ်တဲ့ ပွဲစဉ်တွေအတွင်း လီဗာပူးရဲ့ အနိုင်ရမှုဟာ ၅၇.၉% ပဲရှိပါတယ်။ ၎င်းဒိုင်လူကြီး ကိုင်တွယ်တဲ့ပွဲတွေအတွင်း ယူနိုက်တက်က ပွဲနိုင်နှုန်း ၈၅% ရှိကာ မန်စီးတီးက ၆၆.၆% ရှိတယ်လို့ ဗြိတိန်သတင်းဌာနတွေက ဖော်ပြပါတယ်။