

လန်ဒန်ကလပ် အာဆင်နယ်နဲ့ ချယ်ဆီးတို့ဘက်က စိတ်ဝင်စားမှုတွေ ပြသနေပေမယ့်လို့ မာနေးက ဂျာမနီမှာပဲ ဆက်နေလိုတယ်လို့ သိရပါတယ်။
ဒီနွေစျေးကွက်မှာ လီဗာပူးအသင်းက ထရန့်ကို စာချုပ်သစ်ပေးနိုင်တယ်လို့ အသံထွက်လာပါတယ်။ ထရန့်ဟာ လီဗာပူးအသင်းနဲ့ ၂၀၂၅ ခုနှစ်ထိ စာချုပ်ရှိထားသူ ဖြစ်ပါတယ်။
ယာဂင်ကလော့ပ်က ဒီနွေမှာ အသင်းကနေ ထွက်ခွာသွားမယ့် မီလ်နာအား အသင်းမှာ ဆက်ထိန်းထားလိုပြီး နည်းပြအဖွဲ့ဝင် ရာထူးနဲ့တောင်မှ ကမ်းလှမ်းထားတာဖြစ်ပါတယ်။
လီဗာပူးအသင်းက ဖိအားပေးလာနေတယ်လို့ မခံစားရကြောင်းနဲ့ သူတို့ရဲ့ အလုပ်က ကိုယ်ကစားရမယ့် နိုင်ပွဲကို ရယူလိုက်ဖို့ပဲ ဖြစ်ပါတယ်လို့ နယူးကာဆယ် နည်းပြ အတ်ဒီဟောင်က ပြောဆိုပါတယ်။
ရော်ဘတ်တို ဖာမင်နိုကို လာလီဂါဘက်က စိတ်ဝင်စားနေတယ်လို့ The Times သတင်းထောက် Paul Joyce က ဖော်ပြလာပါတယ်။
ဝုဗ်အသင်းဟာ သူတို့ရဲ့ အကယ်ဒမီ ခံစစ်မှူး ဟာဗေး အိုဝင်ကို လီဗာပူးအသင်းထံ ပေါင် ၈ သိန်းဖြင့် ရောင်းထုတ်ပေးဖို့ သဘောတူညီခဲ့ပြီ ဖြစ်ပါတယ်။
ဒီအပတ် အက်စတွန်ဗီလာနဲ့ပွဲမှာ စီနီယာ အသင်းသား ၄ ဦးဖြစ်တဲ့ မီလ်နာ၊ ဖာမင်နို၊ ကိတ်တာ၊ ချိန်ဘာလိန်တို့ကို နှုတ်ဆက်မှု ပြုလုပ်မယ်လို့ ကလပ်ဘက်က ကြေညာပါတယ်။
ခြေချောင်း ဒဏ်ရာရှိနေတဲ့ ဒါဝင်ဟာ ဒီအပတ် ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်ကစားပေးဖို့ မသေချာသေးပါဘူး။
ဘယ်ဂျီယံ သတင်းထောက် Sacha Tavolieri ကတော့ လီဗာပူးအသင်းဟာ ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီယို လာဗီယာကို ခေါ်ယူရေး ပါဝင်လာနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။