

လီဗာပူးအသင်းဟာ လာမယ့် အပြောင်းအရွှေ့ စျေးကွက်တွေမှာ ဆိုစီဒက် ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူရေး ဆက်လက် ကြိုးစားဖွယ်ရှိတဲ့ သတင်းမျိုး ကြားလာရပါတယ်။
ဒီသတင်းကတော့ The Athletic သတင်းထောက် David Ornstein ထံကနေ ထွက်လာခြင်းဖြစ်ပါတယ်။
ဆိုစီဒက် ဘောလုံးဒါရိုက်တာဖြစ်သူ Roberto Olabe ဟာ ဒီရာသီကုန်ရင် စပိန်ကလပ်ကနေ ထွက်ခွာတော့မှာပါ။ ၎င်းဟာ လီဗာပူးထံ ဇူဘီမန်ဒီ မပြောင်းဘဲ အသင်းမှာ ဆက်နေပေးဖို့ အဓိက စည်းရုံးခဲ့သူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။
ဇူဘီမန်ဒီက မာဆေးဆိုဒ်ကလပ်ထံ ပြောင်းလာရေး ငြင်းဆန်ခဲ့ကာ ဆိုစီဒက်မှာ ဆက်နေဖို့ ရွေးချယ်ခဲ့ပေမယ့် လီဗာပူးအသင်းဘက်က သူ့ကို ကျောခိုင်မထားဘဲ အထင်ကြီးမှု ဆက်ရှိနေဆဲဖြစ်တယ်လို့ David Ornstein က ဆိုပါတယ်။
မန်စီးတီးဟာ ရိုဒရီနေရာ အစားထိုးမှုကို ဇန်နဝါရီမှာ ပြုလုပ်ဖို့ ရည်ရွယ်ထားရာမှာ ဇူဘီမန်ဒီကိုလည်း ပစ်မှတ်တွေထဲက တစ်ဦးအဖြစ် ချိန်ရွယ်ထားပါတယ်။
လီဗာပူးအသင်းဘက်ကတော့ ပြည်တွင်းပြိုင်ဘက်က ဇူဘီမန်ဒီကို လွယ်လွယ်ကူကူ ချိတ်ဆက်နိုင်ရေး ခွင့်ပြုဖွယ် မရှိဘဲ ရာသီစတုန်းက ပုဂ္ဂိုလ်ရေး သဘောတူညီမှုရထားတဲ့ ကစားသမားအား ပြန်လည် ချိတ်ဆက်ဖို့ စိတ်ဝင်စားနေဆဲလို့ ယုံကြည်ရတာ ဖြစ်ပါတယ်။