

နိုဝင်ဘာလအတွင်း အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ နာကျင်မှုတွေ မခံစားရအောင်အတွက် ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက သူ့တို့ကလပ်ရဲ့ အဆင့်အတန်းကို မြင့်လာရေး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ချန်ပီယံလိဂ်မှာ လီဗာပူးအသင်းက ၄ ပွဲကစား ၄ ပွဲ နိုင်ဖြင့် ဇယားထိပ်မှာ ရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ ရမှတ် ၆ မှတ်ပဲ ရထားသေးပြီး ရှုံးထွက်ကို တိုက်ရိုက်တက်ခွင့် မရေရာတဲ့ အခြေအနေကို ရင်ဆိုင်နေရတာပါ။
ရီးရဲလ်မက်ဒရစ် စီနီယာကစားသမား ၆ ဦးလောက် ဒဏ်ရာရနေတာမို့ နည်းပြအန်ဆယ်လော့တီမှာ ဖိအားတွေရှိနေဟန် တူပါတယ်။
စပိန်သတင်းဌာန Relevo ရဲ့ အဆိုအရ အန်ဆယ်လော့တီဟာ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်ကို အသုံးချပြီး သူ့ကစားသမားတွေကို ပိုပြင်းထန်တဲ့ ကြံ့ခိုင်မှု ပရိုဂရမ်တွေ စီစဉ်ပေးဖို့ urgent လုပ်နေတယ်လို့ သိရပါတယ်။
လေ့ကျင့်ရေးကွင်းမှာဆိုရင် “ ငါတို့ ကိုယ့်ရဲ့ လယ်ဗယ်ကို ကိုယ့်ဘာသာ မြင့်မလား ဒါမှမဟုတ် လီဗာပူး သမသွားတာခံမလား ” ဆိုပြီး ဆူပူ ကြိမ်းမောင်းနေတယ်လို့လည်း ဖော်ပြလာခဲ့တယ်။
မက်ဒရစ်ကလပ်ကတော့ ဒီနိုင်ငံတကာ သီတင်းပတ်မှာ ကြံ့ခိုင်မှု ပြန်ကောင်းလာမယ့် ကစားသမားတွေနဲ့အတူ အသင်းရဲ့ အခြေခံအုတ်မြစ်တွေကို ပြန်ချပြီး နည်းစနစ်တွေကို ပိုကောင်းလာအောင် ပြင်ဆင်ဖို့လည်း ရည်မှန်းနေပါတယ်။