NEWS: လီဗာပူး အပြောင်းအရွှေ့ သတင်းတွေအတွက် James Pearce နဲ့ တွေ့ဆုံခြင်း

Answer: ဒီရာသီ ဂရာဗင်ဘက်ချ် တောက်ပနေတယ် ဆိုပေမယ့် သူ မကစားနိုင်ရင် Plan B က ဘာဖြစ်မလဲ?

James Pearce: လက်ရှိ လူစာရင်းမှာ နံပါတ် ၆ နေရာကို ဂရာဗင်ဘက်ချ်လောက် ကောင်းကောင်း ကစားနိုင်သူ မရှိပါဘူး။ ဒီရာသီ ပြည်တွင်း ဖလားပွဲတွေမှာ အန်ဒိုကလည်း အဲ့နေရာ ကစားခဲ့သေးပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲတွေအတွက် Plan B ဆိုရင်တော့ မာကာနဲ့ ကာတစ်ဂျုံးတို့ကို deep-lying အတွဲအဖြစ် သုံးဖို့ပါပဲ။

Answer:အခုလို ကောင်းမွန်တဲ့ စတင်မှုကို ရနေတာကြောင့် ဇန်နဝါရီမှာ လီဗာပူးအသင်း လူအင်အားဖြည့်တင်းမှု ပြုလုပ်မလား? လုပ်ခဲ့ရင် ဘယ်နေရာအတွက် ဖြစ်မလဲ?

Pearce: လီဗာပူးအသင်း လူသစ် ခေါ်ယူမှု အများကြီး လုပ်လာခဲ့ရင် အံ့ဩမိမှာပါပဲ။ ဆလော့ကလည်း သူ့ရဲ့ လူစာရင်းက တောင့်တင်းမှုရှိတယ်လို့ ယုံကြည်ပါတယ်။ အပြောင်းအရွှေ့ အများကြီးဖြစ်လာဖို့ မရှိပေမယ့် ဒဏ်ရာကိစ္စတွေ ပေါ်လာခဲ့ရင် လူသစ် ခေါ်ယူနိုင်ပါတယ်။

Answer: ဆာလာကို အလွတ်နဲ့ လက်လွတ်တာထက် ၂ နှစ်စာချုပ်ဖြင့် သက်တမ်းတိုးတာမျိုး ဖြစ်လာနိုင်မလား?

Pearce: လီဗာပူးက ဆာလာကို ဆက်ထိန်းလိုပါတယ်။ အသင်းနဲ့ ကစားသမားဘက်က အခြေခံလုပ်ခ၊ ဆုကြေးပုံစံနဲ့ စာချုပ်သက်တမ်းတွေကို သဘောတူညီမှု ရသွားမလား ကြည့်ရမှာပါ။ တူညီတဲ့ လုပ်ခနဲ့ ၂ နှစ် သက်တမ်းတိုးတာ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒါဆိုရင် သူ့အသက် ၃၅ နှစ်ထိ အန်ဖီးမှာ ဆက်ရှိနေမှာပါ။ လုပ်ခပိုင်း အဆင်မပြေရင်တော့ ဆာလာက ဆော်ဒီကို ထွက်သွားနိုင်ပါတယ်။

Answer: ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ် ဘာထူးသေးလဲ?

Pearce: အခုက ကစားသမားတွေနဲ့ အရေးပါတဲ့ ဆွေးနွေးမှု လုပ်နေတဲ့ အခိုက်အတန့်ပါ။ ဇန်နဝါရီ ၁ ရက်ဆိုရင် သူတို့ နိုင်ငံခြားကလပ်တွေနဲ့ သဘောတူညီမှု ယူလို့ရတော့မှာပါ။ အခြေအနေ ဘယ်ထိရောက်နေလဲ အကဲခတ်ဖို့ ခက်ခဲပါတယ်။

ဇန်နဝါရီမှာ ထရန့် ထွက်သွားမယ် မမြင်ပါဘူး။ သူတို့ ၃ ယောက်ပြီးရင် အသင်းရဲ့ နောက်ထပ် ဦးစားပေးက ၂၀၂၆ ခုနှစ်ထိပဲ စာချုပ်ရှိတဲ့ ကိုနတေးကို သက်တမ်းတိုးဖို့ပါ။ စကားပြောမှု စတင်နေပါပြီ။

Answer: ဘယ်ခြမ်းအတွက် ဘာထူးမလဲ? ခီယေဆာကို ဇန်နဝါရီမှာ အငှားချမယ် ဆိုတာကကော..

Pearce: ရော်ဘတ်ဆန်နဲ့ ကိုစတက်တို့ ဆက်ရှိနေရင် အသင်းက ဘယ်ခြမ်း အားဖြည့်မှာ မဟုတ်ပါဘူး။ ခီယေဆာကတော့ ရာသီကြို မရခဲ့တာကြောင့် အသင်းက သူ့ကို ရာသီကြို အသေးစားလေး စီစဉ်ပေးနေပါတယ်။ ကောလဟာလ သတင်းတွေက မမှန်ပါဘူး။

Answer: ဇူဘီမန်ဒီ.. ချူအားမီနီ.. မာမိုစ့်တို့ရဲ့ အပြောင်းအရွှေ့…

Pearce: ဇူဘီမန်ဒီရဲ့ သဘောတူညီမှု ပျက်သွားကတည်းက သူ့ကို ထပ်ကြိုးစားနေတာ မရှိပေမယ့် စိတ်ဝင်စားမှုတော့ မကုန်ဆုံးသွားပါဘူး။

ချူအာမီနီကို အသင်းဘက်က ကင်းထောက်ဖူးပေမယ့် သူ မက်ဒရစ်ကလပ်ကနေ ထွက်ဖွယ်ရှိလို့ သတင်းတွေ ပြန်တက်လာနေတာပါ။

တိုက်စစ်သမား ၁ ယောက် မထွက်ပါဘဲ မာမိုစ့်ကို ခေါ်ယူဖို့ မရှိပါဘူး။