NEWS: အလက်ဇန္ဒား-အာနိုး စာချုပ်သစ် မချုပ်ဘူးဆိုတဲ့ စပိန်သတင်းနဲ့ ပ-ယ်-ချသွားတဲ့ လီဗာပူးသတင်းထောက်

နိုင်ငံတကာ သီတင်းပတ်မှာတော့ လူတိုင်းက ထရန့်၊ ဆာလာ၊ ဗန်ဒိုက်တို့ရဲ့ စာချုပ်သစ်ကိစ္စ စိတ်ဝင်စားနေကြချိန်မှာ အင်္ဂလန်မှာကော စပိန်မှာပါ ညာအစွန်လူရဲ့ သတင်းတွေ ထွက်နေပါတယ်။

နိုဝင်ဘာလမှာ ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးသော နိုင်ငံတကာသီတင်းပတ် ရှိနေသလို ဒါဟာ လီဗာပူးအသင်းဘက်က နွေမှာ စာချုပ်ကုန်တော့မယ့် အဓိက ကစားသမားတွေကို နောက်ဆုံး ကြိုးစားနိုင်မယ့် အခိုက်အတန့်အဖြစ် မှတ်ယူနေကြပါတယ်။

၂၀၂၅ ဇန်နဝါရီမှာတော့ အင်္ဂလန်ပြင်ပ ကလပ်တွေက ကစားသမားတွေနဲ့ အကြို ညိနှိုင်းခွင့်ရတော့မှာမို့ လီဗာပူးဘက်က ကိုယ့်ရဲ့ အခွင့်အရေးကို ပြိုင်ဘက်တွေထံ ခွဲပေးလိုက်ရတဲ့ အခြေအနေဖြစ်လာမှာပါ။

ရင်ပူစရာသတင်းအဖြစ် စပိန်သတင်းတွေကတော့ ထရန့်ဟာ လီဗာပူးရဲ့ စာချုပ်ကို ငြင်းဆန်လိုက်ပြီလို့ ဆိုပါတယ်။ မာဆေးဆိုဒ်သားဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ထပ် ဆုဖလားတွေအတွက် မက်ဒရစ်ကို စိတ်ယိုင်နေပြီလို့ ဆိုတာပါ။

ရီးရဲလ်မက်ဒရစ်ကတော့ ထရန့်ကို လီဗာပူးရဲ့ စာချုပ်သစ်အား လက်မခံဘဲ ပယ်ချပေးဖို့နဲ့ နွေကျရင် သူတို့ထက် ပြောင်းလာဖို့ စည်းရုံးထားပါတယ်။ စည်းရုံးမှုထဲမှာ ဘယ်လင်ဟမ်ရဲ့ အကူအညီလည်း ပါဝင်နေပါတယ်။

လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းထောက်တွေကတော့ စပိန်သတင်းတွေကို ငြင်းဆန်ခဲ့ပြီး အသင်းနဲ့ ကစားသမားတွေကြား စာချုပ်သစ်ကိစ္စက သဘောတူညီမှု မရသေးပေမယ့် စကားပြောနေကြဆဲလို့ ဆိုပါတယ်။

တူညီတဲ့ ဖော်ပြချက်တစ်ရပ်ကတော့ ဇန်နဝါရီမှာ ထရန့်ဟာ ဘယ်ကိုမှ ရောက်မှာ မဟုတ်ဘဲ လီဗာပူးမှာပဲ ရာသီကုန်ထိ ဆက်ရှိနေမှာ သေချာတာပဲ ဖြစ်ပါတယ်။