

ထရန့်ဟာ စာချုပ်သစ်မှာ သူ့ကို ကလပ်ရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားဖြစ်စေမယ့် ပမာဏမျိုး ပေးဖို့ လီဗာပူးအသင်းကို တောင်းဆိုတယ်လို့ သိရပါတယ်။ သူ့ရဲ့ တောင်းဆိုမှုဟာ ဆာလာရနေတဲ့ ဆုကြေး အပါအဝင် တစ်ပတ်လုပ်ခ ပေါင် ၅ သိန်း ပတ်လည်လို့ နားလည်ရပါတယ်။
နည်းပြဟောင်း ကလော့ပ်ဟာ ထရန့်ကို ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ပြီး အသင်းမှာ ဆက်နေဖို့ စည်းရုံးပေးနေတယ်လို့ သတင်းထွက်နေပါတယ်။ ကလော့ပ်က ကော်တင်ညိုကို ဥပမာယူဖို့ ပြောဆိုကြောင်း အသံထွက်နေပါတယ်။
လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ မာကာကို ကြည့်ပြီး လီဗာပူးပရိသတ်တွေဘက်က စိတ်ပူနေပါတယ်။ မာကာဟာ ကလပ်မှာလည်း ခြေမစွာနိုင်ဘဲ ဖြစ်နေတာပါ။
ဗန်ဒိုက်နဲ့ နယ်သာလန် ဘောလုံးသုံးသပ်သူတွေကြား ဂိုဏ်းကွဲမှုရှိနေဆဲဖြစ်ပြီး ပြိုင်ပွဲကြီးတွေအတွင်း အောင်မြင်မှုတွေ ဝေးကွားခြင်းနဲ့အတူ လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ ဆက်တိုက် ဝေဖန်ခံနေရပါတယ်။
ဖရန့်ဖတ် တိုက်စစ်သမား မားမိုစ့်ကော ဝက်စ်ဟမ်း တိုက်စစ်သမား ခူးဒက်စ်ပါ လီဗာပူးရဲ့ တိုက်စစ်ပစ်မှတ်ထဲ ပါဝင်နေပါတယ်။
ဇန်နဝါရီစျေးကွက်မှာ လီဗာပူးအသင်းက ကြီးကြီးမားမား ခေါ်ယူမှုတွေ မရှိနိုင်ပေမယ့် ဒီယက်ဇ်၊ ဂက်ပိုတို့ကို ခေါ်ယူခဲ့ဖူးတဲ့ လှုပ်ရှားမှုတွေအရ မြန်မြန်ဆန်ဆန် ခေါ်ယူတာမျိုး ဖြစ်မလာဘူးလို့လည်း မပြောနိုင်ပါကြောင်း The Times သတင်းထောက် Paul Joyce က သုံးသပ်ပါတယ်။
လီဗာပူးအသင်းဟာ ဘယ်ခြမ်းအတွက် ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်းမှ အသက် ၂၁ နှစ်အရွယ် ဆားဘီးယားသား Milos Kerkez ကို ထိပ်တန်း ပစ်မှတ်အဖြစ် ချိန်ရွယ်ထားပါတယ်။
စကော့တလန်က ခရိုအေးရှားကို ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ တိုက်စစ်သမား ဗန်ဒုတ်က ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။