

လီဗာပူးအသင်းဘက်က ထရန့်ကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေပြီး အခုချိန်ထိတော့ သတင်းကောင်းမကြားရသေးပါဘူး။
ဒီရက်ပိုင်း ထွက်ပေါ်နေတဲ့ ကောလဟာလ သတင်းတွေမှာတော့ လက်ရှိ ရတ်ဘူးအဖွဲ့ရဲ့ ဒါရိုက်တာ ရာထူး ယူထားတဲ့ ယာဂင်ကလော့ပ်က ထရန့်ကို လီဗာပူးမှာပဲ ဆက်နေပါဆိုပြီး ပုဂ္ဂိုလ်ရေးရ ဆက်သွယ်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကလော့ပ်ဟာ ကော်တင်ညို ဘာစီလိုနာ မပြောင်းခင်မှာ စည်းရုံးခဲ့တဲ့အတိုင်း ထရန့်ကို စည်းရုံးနေပြီး တစ်ရက်မှာ လီဗာပူးပရိသတ်တွေက ရုပ်ထု ထုပြီးကို ဂုဏ်ပြုလိမ့်မယ်လို့ ပြောခဲ့တယ် ဆိုပါတယ်။
တကယ်ကြီး ကလော့ပ် စည်းရုံးပေးနေလား အတည်မပြုနိုင်ပေမယ့် ၂၀၁၈ မှာ ချန်ပီယံလိဂ်နဲ့ ဆုဖလားကြီးတွေ အောင်မြင်လိုတဲ့ အိပ်မက်နဲ့ လီဗာပူးကနေ ဘာစီလိုနာကို ထွက်ခွာသွားတဲ့ ကော်တင်ညိုဟာ သူ့ကစားသမားဘဝ အကြီးမားဆုံး အမှားအဖြစ် နောင်တရခဲ့ဖူးပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့ ထရန့်ကို လီဗာပူးရဲ့ စာချုပ်သစ်အား လက်မခံဘဲ ပယ်ချပေးဖို့နဲ့ နွေကျရင် သူတို့ထက် ပြောင်းလာဖို့ စည်းရုံးထားပါတယ်။ စည်းရုံးမှုထဲမှာ ဘယ်လင်ဟမ်ရဲ့ အကူအညီလည်း ပါဝင်နေပါတယ်။
လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းထောက်တွေကတော့ စပိန်သတင်းတွေကို ငြင်းဆန်ခဲ့ပြီး အသင်းနဲ့ ကစားသမားတွေကြား စာချုပ်သစ်ကိစ္စက သဘောတူညီမှု မရသေးပေမယ့် စကားပြောနေကြဆဲလို့ ဆိုထားတာဖြစ်ပါတယ်။