

ထရန့်ဟာ သူ့ရဲ့ ငယ်ဘဝ နေအိမ်ဧရိယာအနီးမှာ LFCTV က ရုပ်သံတာဝန်ရှိသူတွေနဲ့အတူ ဗီဒီယို ရိုက်ကူးနေပြီး အနီးမှာလည်း လုံခြုံရေးတွေ အများအပြား ချထားတာကြောင့် စာချုပ်သစ်ကိစ္စလား နှုတ်ဆက်ဗီဒီယိုလား ဆိုတာကို ပရိသတ်တွေ စိတ်ဝင်စားနေကြပါတယ်။
မိုဆာလာက သူနဲ့ မာမိုစ့်ကြား နှိုင်းယှဉ်မှုတွေ မလုပ်ဘဲ တိုက်စစ်သမားကို သူ့ဘာသာ တောက်ပခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အင်တာမီလန်အသင်းဟာ လီဗာပူးတိုက်စစ်သမား ခီယေဆာကို ၆ လ စာချုပ်ဖြင့် အငှားခေါ်ယူပြီး ပွဲမိနစ်ပေးမယ့် အာမခံချက်မျိုးပါ ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။
စကော်တလန်က ပိုလန်ကို ၂-၁ ဖြင့် အနိုင်ရတဲ့ အဝေးကွင်းပွဲမှာ ပွဲချိန် နောက်ဆုံးမိနစ် အနိုင်ဂိုးကို ရော်ဘတ်ဆန်က သွင်းယူပါတယ်။
ANDY ROBERTSON SCORES THE WINNER FOR SCOTLAND!!! 🔥🏴 pic.twitter.com/s6waBh0RHt
— Anything Liverpool (@AnythingLFC_) November 18, 2024
စကော်တလန်အတွက် ဗန်ဒုတ်က အဓိက ကစားသမားအဖြစ် တောက်ပလာချိန် မြောက်အိုက်ယာလန်အတွက် ဂိုးတွေသွင်းပေးနေတဲ့ ဘရတ်ဒလေကလည်း လက်ရွေးစင်အတွက် မရှိမဖြစ် အသင်းသား ဖြစ်လာနေပါတယ်။
လီဗာပူးအသင်းရဲ့ အန်ဖီးကွင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် လူဝင်ဆံ့မှု အများဆုံး ထိပ်တန်း အိမ်ကွင်း ၅ ခုထဲကို ပါဝင်လာခဲ့ပါပြီ။
ဇန်နဝါရီအတွက် လီဗာပူးအသင်း ကင်းထောက်တွေ စတင် လှုပ်ရှားနေပြီဖြစ်ကာ ပရီးမီးယားလိဂ် ပြန်စတင်ချိန် ဘုန်းမောက်ပွဲတွေကို တရားဝင် တက်ရောက်ကြည်ရှုဖို့ စီစဉ်ထားပါတယ်။
လီဗာပူးဟာ ဘယ်ခြမ်းအစွန်လူနဲ့ ကွင်းလယ်လူ တစ်ဦးတို့ကို အပြောင်းအရွှေ့ စောင့်ကြည့်နေကြောင်း သတင်းကျယ်ပြန့်နေပြီး ဗဟိုခံစစ်မှူးသစ် ရှာဖွေမှု သတင်းတွေ မှေးမှိန်လာပါတယ်။
ဗန်ဒိုက်က ပွဲတွေ ဆက်တိုက်ကစားနေရပြီး သူ့ရဲ့ ကြံ့ခို်င်ရေးအရ ကလပ်အသင်းထံ ပြန်ပို့တာပါလို့ နည်းပြကိုးမန်းက ထုတ်ပြောပါတယ်။