အယ်လီဆန်နေရာ အပိုင်သိမ်းလိုက်တဲ့ ကလယ်ဟာ၊ ထိပ်သီး နည်းပြ ၂ ဦးအား အနိုင်ယူခြင်း၊ ဒီဇင်ဘာနဲ့တင် ဖလားမရကြောင်း သတိပေးချက်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

အန်ဖီးကွင်းမှာ လက်ရှိ ချန်ပီယံ မန်စီးတီးကို အနိုင်ရတဲ့နောက် လီဗာပူးအသင်းဟာ အမှတ်ပေးယား ဒုတိယနေရာကအသင်းကို ၉ မှတ် ဖြတ်လိုက်ပြီဖြစ်ပါတယ်။

အာနယ် ဆလော့ဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြ ၂ ဦးဖြစ်တဲ့ အန်ဆယ်လော့တီနဲ့ ဂွာဒီယိုလာတို့ကို ၄ ရက်အတွင်း အနိုင်ယူပြခဲ့ပါပြီ။

သွင်းဂိုးရှင် မိုဆာလာကတော့ ဒီနေ့ပွဲဟာ မန်စီးတီးကို သူနောက်ဆုံး ရင်ဆိုင်ကစားရတာမျိုး ဖြစ်လာနိုင်တယ်လို့ ထုတ်ပြောသွားပါတယ်။

ကွင်းထဲက ဘောလုံးရှင်းထုတ်မှုတိုင်း၊ ကြိုးစားမှုတိုင်းနဲ့ သွင်းဂိုးတိုင်းဟာ လီဗာပူးအတွက်ပါလို့ ဂက်ပိုက ညွှန်းဆိုပါတယ်။

လီဗာပူးလို အသင်းကို ရင်ဆိုင်ကစားပြီး ပရီးမီးယားလိဂ် ချန်ပီယံ ၆ ကြိမ် ရခဲ့တာ ဂုဏ်ယူတယ်လို့ ဂွာဒီယိုလာက ပြောပါတယ်။

မန်စီးတီးကို ရင်ဆိုင်ရာ အမှားမရှိဘဲ ထူးချွန်စွမ်းဆောင်ရည် ပြသခဲ့တဲ့နောက် ခံစစ်မှူး ဂျိုးဂိုးမက်ကို လီဗာပူးပရိသတ်တွေက ချီးကျူးနေကြပါတယ်။

အာဆင်နယ်၊ ချယ်ဆီး၊ မန်စီးတီးတို့ဟာ ဖလားစိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းတွေဖြစ်ကြောင်း ဆလော့က ချီးကျူးခဲ့ပြီး လီဗာပူးအတွက် ကြီးကျယ်တဲ့ပွဲတွေ ထပ်လာဦးမှာဖြစ်ကာ နယူးကာဆယ်၊ အဲဗာတန်တို့ကို ရင်ဆိုင်ရမှာက ပွဲကြီးတွေပါလို့ ဆိုပါတယ်။

” စကိုင်းစပေါ့က ပွဲစဉ်ရဲ့ အကောင်းဆုံးဆု ကာရေဂါ မင်းကို မပေးခဲ့ရင် ငါ အံ့ဩမိမှာပဲ” လို့ ဗန်ဒိုက်က ပြောဆိုမှုကို ဆာလာက “အား သူ ဘယ်တုန်းကမှ ငါ့ကို မပေးဘူး” လို့ စိတ်ပျက်စွာဖြင့် တုန့်ပြန်သွားပါတယ်။

အယ်လီဆန် ပြန်လာရင်တောင် ကလယ်ဟာက ပုံမှန်ပွဲထွက်ခွင့်ကို ဆက်ရထားဖို့ ထိုက်တန်တယ်ဆိုတဲ့ ထင်မြင်ချက်တွေ ထွက်ပေါ်နေပါတယ်။

သရဲနီကစားသမားဟောင်းဖြစ်တဲ့ ရွိုင်ကိန်းကတော့ ဖလားပြိုင်ပွဲက မပြီးသေးသလို ဒီဇင်ဘာမှာတင် ဘယ်သူမှ ဖလားမပေးဘူးလို့ အန်ဖီးကွင်းက ပွဲအပြီး ထုတ်ပြောကြပါတယ်။

မိုဆာလာနဲ့ ပီအက်စ်ဂျီကြား အသံအချို့ စထွက်လာနေပါတယ်။ လီဗာပူးနဲ့ သက်တမ်းတိုးမှု မအောင်မြင်ခဲ့ရင် မိုဟာ ပြင်သစ်ဘက်ကို ပြောင်းသွားနိုင်ပါတယ်။

မန်စီးတီး ဂိုးသမား အိုဒီဂါက လီဗာပူးဒေသဆိုတာ ဗြိတိန်ရဲ့ မကောင်းတဲ့နေရာတစ်ခုလို့ မှတ်ချက်ပေးသွားပါတယ်။