နောက်နှစ် နွေရာသီကြိုမှာ အာရှကို တစ်ကျော့ပြန်လာဖွယ်ရှိတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ၂၀၂၅ ရာသီကြို ပြင်ဆင်မှုအဖြစ် ဂျပန်နဲ့ ဟောင်ကောင်မှာ ခြေစမ်းပွဲတွေ ကစားဖို့ စကားပြောမှု ပြုလုပ်နေပါတယ်။

အခုချိန်ထိ အပြီးသတ် ဆုံးဖြတ်ချက်တွေ လုပ်ဆောင်ခြင်း မရှိသေးပေမယ့် လီဗာပူးရဲ့ ရာသီကြိုဟာ အာရှထံ တစ်ကျော့ပြန်လာခြင်းဖြစ်ဖို့ နီးစပ်နေတာပါ။ အဲ့အတွက် ဂျပန်နဲ့ ဟောင်ကောင်တို့ထံက အဆိုပြုချက်တွေကို စဉ်းစားမှု ပြုလုပ်နေပြီဖြစ်ပါတယ်။

၂၀၂၅ ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်အဖြစ် ယိုကိုဟားမားမှာ ဘင်နီတက်စ် ဦးဆောင်တဲ့ အသင်းက Sao Paolo အသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ ဂျပန်မြေမှာ လီဗာပူးအသင်း နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။

၂၀၂၄ နှစ်စမှာ လီဗာပူးအသင်းက official airline partner အဖြစ် Japan Airlines နဲ့ လက်တွဲမှု ပြုလုပ်ခဲ့သလို ၎င်းလေကြောင်းလိုင်းဟာ အန်ဖီးကွင်းမှာ အထူးနားနေခန်းတစ်ခုကို တာဝန်ယူခွင့်ရထားခဲ့သေးတာ ဖြစ်ပါတယ်။

လီဗာပူးကွင်းလယ်လူ ဝါတာရု အန်ဒိုဟာလည်း ဂျပန်လက်ရွေးစင်အသင်းမှာ ဩဇာကြီးမားတဲ့ အသင်းခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

ဟောင်ကောင်ကို လီဗာပူးအသင်း နောက်ဆုံး ရောက်ခဲ့တာကလည်း ၂၀၁၇ တုန်းကဖြစ်ပြီး ပဲလေစ့်၊ လက်စတာအသင်းတို့နဲ့ ပရီးမီးယားလိဂ် အာရှဖလား ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

အာရှဟာ လီဗာပူးအမာခံ ပရိသတ် အမျာစုရှိရာ နေရာဖြစ်ပြီး ၂၀၂၂ ဝန်းကျင်မှာ မာဆေးဆိုဒ်ကလပ်ဟာ အရှေ့တောင်အာရှ ဒေသဘက်ကို ၂ ကြိမ်တိုင် ခြေစမ်းပွဲတွေ လာကစားခဲ့ပါတယ်။