ဂျိုတာနဲ့ ခီယေဆာ လေ့ကျင့်ရေး ဝင်ကြခြင်း၊ ကြံ့ခိုင်မှုဆိုင်ရာ သတင်းကောင်းအချို့၊ ဂျာစီတောင် ဝတ်ခဲ့သေးတဲ့ ဇူဘီမန်ဒီနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဖူလ်ဟမ်ပွဲကြို လီဗာပူးရဲ့ အသင်းလိုက် လေ့ကျင့်ရေးမှာ ဂျိုတာကော ခီယေဆာပါ ပါဝင်သွားပါတယ်။

ခံစစ်မှူး အီဘူးကို ပထမအသင်းသားတွေနဲ့အတူ အက်ဆာမှာ မြင်နေရပြီး သူ့ရဲ့ ဒဏ်ရာက မျှော်လင့်ထားတာထက် ပိုစောစော သက်သာလာမယ် သတင်းထွက်နေပါတယ်။

၂၀၂၂ မှာ လီဗာပူးအသင်းနဲ့အတူ ယာဂင်ကလော့ပ် ကပ်ဘေးဆိုက်ခဲ့သလို အနေအထားမျိုး ဒီရာသီ ဂွာဒီယိုလာ ရင်ဆိုင်နေရပြီး ဂျာမာန်သားဟာ ၁ နှစ်အတွင်း လီဗာပူးကို ထိပ်ဆုံးအဆင့်ထံ ပြန်ဆယ်တင်ပေးနိုင်ခဲ့ကြောင်း မှတ်ချက်ပေးခံနေရပါတယ်။

ချယ်ဆီးအသင်းကို လူတွေက သိပ်ပြီး အလေးမထားကြပေမယ့် လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မယ့် အသင်းဖြစ်ကြောင်း ဗန်ဒိုက်က အထင်ကြီးနေပါတယ်။

ဒီဇင်ဘာကုန်ခါနီးပြီဖြစ်ကာ လီဗာပူးဘက်က ထရန်နဲ့ စာချုပ်ကိစ္စကို သတင်းကောင်း မယူနိုင်လေလေ ရီးရဲလ်မက်ဒရစ်က အရေးသာလာလေလေဖြစ်ပါတယ်။ ဘယ်လင်ဟမ်ကတော့ သူ့ကို ရီးရဲလ်မက်ဒရစ်ထံလာဖို့ စည်းရုံးနေပါတယ်။

ရက်ရွှေ့ထားတဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ်ကို ဖေဖော်ဝါရီလ ၁၁ ရက်လောက်မှာ ယှဉ်ပြိုင်ကစားစေမယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံရှစ်ကလပ် နောဝစ်ချ်အသင်းထံ အငှားချထားကာ ပွဲကစားခွင့်မရဖြစ်နေတဲ့ တောင်ပံသမား ကိတ်ဂေါ်ဒန်ကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပါတယ်။

ဘယ်အစွန်လူ ကိုစတက်ဟာ တစ်ဦးချင်း လေ့ကျင့်ရေးတွေကို ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။

ကွင်းလယ်လူ ဇူဘီမန်ဒီဟာ ဒီနွေတုန်းက လီဗာပူးအသင်းရဲ့ ဂျာစီ ဓါတ်ပုံ ရိုက်ကူးတဲ့ထိ အသင်းပြောင်းရေး နီးစပ်ခဲ့ပြီးမှ ငယ်မွေးခြံပေါက် ကလပ်မှာ ဆက်နေဖို့ ဆုံးဖြတ်ချက် ပြင်ဆင်ခဲ့တာပါ။ လာမယ့် စျေးကွက်တွေမှာတော့ သူ အသင်းပြောင်းဖို့ ဖြစ်လာနိုင်ပါတယ်။

ဘိုင်ယန်မြူးနစ် ဘယ်အစွန်လူ အဖွန်ဆို ဒေးဗစ်ကို လီဗာပူးအသင်း စိတ်ဝင်စားနေကြောင်း ဖော်ပြနေပေမယ့် အသင်းနဲ့နီးစပ်သူတွေကတော့ အဆိုပါ သတင်းကို ငြင်းဆန်ပါတယ်။