

လီဗာပူးအသင်းဟာ ခြေစွမ်း အရမ်းကောင်းနေတဲ့ အသင်းတစ်သင်း မဟုတ်ဘဲ အလုပ်ကို ကောင်းကောင်းလုပ်နေနိုင်တဲ့ အသင်းပဲဖြစ်တယ်လို့ ဖူလ်ဟမ်ပွဲကြိုမှာ အာနယ် ဆလော့က ဆိုပါတယ်။
ဒါဝင်နဲ့ ပတ်သက်လို့ အပြင်က ဝေဖန်သံတွေဟာ သူတို့နားထိ ရောက်ရှိကြောင်းကို ဆလော့က ဝန်ခံပေမယ့် ဒီဖိအားကနေ ဥရုဂွေး တိုက်စစ်သမား ရုန်းထပြနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
ဒီအပတ်အတွင်း လီဗာပူးသတင်းထောက်တွေ ကိုယ်တိုင်က ဒါဝင် နူးညက်စ်ကို ဆက်တိုက် ဖိအားပေးလာခြင်းဟာ အရေးကြီး ကာလရောက်လာပြီမို့ သူ့ထံကနေ မခံချင်စိတ်နဲ့ ပေါက်ကွဲအားကို မြင်လိုခြင်းကြောင့်လို့ ယူဆရပါတယ်။
အကြောင်းကတော့ ဖူလ်ဟမ်ပွဲအတွက် အထောင်တိုက်စစ်နေရာမှာ ဘယ်သူ့ကို ရွေးသင့်သလဲ မေးခွန်းအတွက် ဒါဝင်ကိုပဲ အတော်များများက ဦးစားပေးနေကြပါတယ်။
ဖူလ်ဟမ်ပွဲ ပွဲနေ့လူစာရင်း ဂျိုတာ ပါလာမှာဖြစ်ပြီး ခီယေဆာလည်း ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။
နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး မန်နေဂျာဆုနဲ့ ကစားသမားဆုကို အာနယ် ဆလော့နဲ့ မိုဆာလာတို့ ရရှိသွားပါတယ်။
ပရီးမီးယားလိဂ်ဖလား အောင်မြင်ချင်တယ်ဆိုရင် ကိုယ်ကစားတဲ့ပွဲ နိုင်နေရပါမယ်လို့ မိုဆာလာက အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။
၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အကောင်းဆုံး ကစားသမား ဘယ်သူလဲလို့ စကိုင်းစပေါ့က စစ်တမ်းကောက်ရာမှာ ဆာလာက ၅၃%၊ ပါလ်မာက ၄၇% ဖြစ်ပါတယ်။
လီဗာပူးကို ရင်ဆိုင်ကစားမယ့် ဖူလ်ဟမ်အသင်းမှာ အဓိက ခံစစ်သမား နှစ်ဦးဖြစ်တဲ့ အန်ဒါဆန်နဲ့ ဘက်ဆီး မပါနိုင်သလို အသင်းခေါင်းဆောင် တွမ်ကယ်ရာနီလည်း မပါနိုင်ပါဘူး။
ဇန်နဝါရီမှာ မန်စီးတီးဟာ ကွင်းလယ်လူသစ် ခေါ်ယူဖို့ ပြင်ဆင်နေသလို ဆိုစီဒက် ကစားသမား ဇူဘီမန်ဒီကို သဘောကျနေပါတယ်။