

ဒီအပတ်ထဲမှာတော့ ဒါဝင် နူးညက်စ်ဟာ သူ့ရဲ့ အခွင့်အရေး ဖြုန်းတီးမှု၊ သွင်းဂိုး ရယူနိုင်စွမ်း နည်းပါးမှုတွေကြောင့် ဝေဖန်ခံရမှုတွေ ရှိနေပါတယ်။
ဂျိုတာလည်း ပြန်သက်သာလာနေပြီမို့ အထောင်တိုက်စစ်နေရာကို ဒါဝင် ရေရှည်မှာ ဆက်ရပါဦးမလား သံသယတွေ ဝင်လာကြချိန်မှာ နည်းပြဆလော့က အခုလို ပြောလာပါတယ်။
အာနယ် ဆလော့က “ ကျနော်တို့ရဲ့ ကစားသမား အားလုံးဟာ ပရိသတ်တွေရဲ့ အားပေးမှုကို ခံစားမိပါတယ်။ ဒါဝင်ကလည်း အသင်းသားတွေထဲက တစ်ဦးပါ။ ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ဆာလာဟာလည်း ဂိုးတွေ အများကြီး သွင်းခဲ့တယ်။
ချန်ပီယံလိဂ်ပွဲမှာ ဒါဝင် အခွင့်အရေးတွေ လွဲတော့ အသင်းဖော်တွေက သူ့ကို ဝိုင်းအားပေးကြတာကို မြင်ရပါလိမ့်မယ်။ အသင်းဖော်တွေတင် မဟုတ်ဘဲ ပရိသတ်တွေနဲ့ မန်နေဂျာကလည်း ဒါဝင်ဘက်က ရှိပါတယ်။
ကျနော်ကတော့ ဒါဝင်ကို သွင်းဂိုးနဲ့ပဲ အကဲဖြတ်မှာ မဟုတ်ပါဘူး။ အသင်းလိုက် ကစားပုံအတွက် သူ ကူညီပေးမယ့် လှုပ်အားနှုန်း၊ ကွင်းအမြင့်ဘက်ခြမ်းတွေမှာ ဘောလုံး ခပ်မြန်မြန် ယူပေးနိုင်စွမ်းတွေကလည်း အရေးကြီးပါတယ်။
ဒါဝင်ကလည်း ဂိုးသွင်းချင်ပေမယ့် ဒီအပတ်တွေမှာ မသွင်းနိုင်ဘူး။ မိုလည်း ဂိုးမသွင်းနိုင်ရင် ဒါဝင်လို ဝေဖန်ခံရမှာပဲ။ ဒါက နံပါတ် ၉ သမားတစ်ယောက်ရဲ့ ဘဝပါပဲ။ တခါတလေ ဂိုးသွင်းနိုင်မယ်၊ တခါတလေ ဂိုးမသွင်းနိုင်ဘူး။
ဒါပေမယ့် ကိုယ့်ရဲ့ လှုပ်အားနှုန်းတွေနဲ့ အသင်းကို ကူညီပေးရပါမယ်။ ဂျီရိုနာပွဲမှာ ဒါဝင်က သူပြရမယ့် အဆင့်အတန်းကို မပြနိုင်ပါဘူး။ ဒါကိုလည်း သူ့ကို အသိပေးထားပါတယ် ” လို့ ဆိုသွားတာဖြစ်ပါတယ်။