လီဗာပူးနဲ့ ဖူလ်ဟမ် ကစားသမားတွေ ဒိုင်ကို မြင်တဲ့ အမြင်အား ဗန်ဒိုက် ပွဲအပြီး ထုတ်ဖော်

အိမ်ကွင်းမှာ ဖူလ်ဟမ်ကို သရေကျခဲ့အပြီး ရလဒ်ကို စိတ်ပျက်နေရမယ့်အစား အကောင်းမြင်ပါတယ်လို့ အသင်းခေါင်းဆောင် ဗန်ဒိုက်က ဆိုပါတယ်။

ပါးစပ်က ပြောနေတာ လွယ်ပေမယ့် လက်ရှိ အခြေအနေမှာ ဆက်ပြီး တည်ငြိမ်ဖို့နဲ့ နောက်ပွဲအတွက် အားထုတ်ရေး စဉ်းစားဖို့ပဲ သူ တွေးထားပါတယ်။

” ကောင်းမွန်တဲ့ comeback ကြောင့် အကောင်းမြင်ပါတယ်။ ၁၀ ယောက်တည်းနဲ့ ယှဉ်ပြိုင်ရတာကို စိတ်ပျက်ပေမယ့် ကျနော်တို့ တိုက်ခိုက်ပြခဲ့တယ်၊ အခွင့်အရေးတွေအတွက် ဆက်လက် ဖန်တီးခဲ့တယ်။ ပိုလိုချင်ပေမယ့် ရတဲ့ ၁ မှတ်နဲ့ ရှေ့ဆက်ရပါမယ်။

ဆက်ပြီး တည်ငြိမ်နေရမှာပါ။ အလုပ်ထက် အပြောကတော့ လွယ်ပါတယ်။ ဖူလ်ဟမ်ကို ရင်ဆိုင်ရတာ လွယ်တာ မဟုတ်ပါဘူး။ ကျနော်တို့ အတော်လေး ပင်ပန်းခဲ့ပါတယ်။ ” ဆိုပြီး ဗန်ဒိုက်က ဖွင့်ဟသွားပါတယ်။

လီဗာပူးကစားသမားတွေတင် မဟုတ်ဘဲ ဖူလ်ဟမ်ဘက်ကလည်း ဒိုင်လူကြီးက ပွဲကြီးကိုင်ဖို့ ထိတ်လန့်နေတယ်လို့ မြင်ကြပါတယ်။ ဒီပွဲ သရေကျခြင်းဟာ ဒို်င်ကြောင့်လို့ ပြောဖို့ကိုတော့ ဗန်ဒိုက်က ငြင်းဆန်ပါတယ်။

” ဖူလ်ဟမ် ကစားသမားတွေနဲ့ စကားပြောခဲ့ရာမှာ ကျနော်တို့ အားလုံး ဒိုင်က ဆုံးဖြတ်ချက်တွေလုပ်ဖို့ ကြောက်နေတယ် ခံစားရတယ်။ ရော်ဘတ်ဆန်ဖြစ်ရပ်မှာလည်း သေချာကြီး ပြောဆိုတာမျိုး မလုပ်နိုင်ခဲ့ဘူး ကျနော် ထင်တယ်။

ကျနော်တို့ ဒိုင်ကို အပြစ်ပုံချလို့ မရပါဘူး။ အားလုံးက ဒိုင်လူကြီးတွေကို ကာကွယ်ပေးဖို့တာ ပြောနေကြပေမယ့် တကယ်တမ်းကျတော့ ကျနော်တို့မှာ ဒိုင်ကို စကားပြောခွင့်တောင် မရပါဘူး။

ဒိုင်အကြောင်းချည်း ပြောနေရအောင် ရမှတ်တွေ ဆုံးရှုံးသွားတာ သူ့ကြောင့်လည်း မဟုတ်ပါဘူး။ ကျနော်တို့ အားပြန်ဖြည့်ရမယ်၊ နောက်ပွဲအတွက် ပြင်ဆင်ရပါမယ် ” လို့ ဗန်ဒိုက်က ဆိုသွားတာ ဖြစ်ပါတယ်။