ဂိုးပြန်ယူဖို့ ၆ မိနစ်ပဲ အချိန်ယူခဲ့ရတဲ့ ဂျိုတာ၊ လီဗာပူးရဲ့ အားထုတ်လိုစိတ်ကို ချီးကျူးခြင်း၊ အမှတ်ပေးဇယား ကွာဟချက် ကျဉ်းမြောင်းလာခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အိမ်ကွင်းမှာ ဖူလ်ဟမ်ကို ၂-၂ သရေကျတဲ့နောက် လီဗာပူးအသင်းဟာ ဒုတိယနေရာက ချယ်ဆီးနဲ့ ပွဲတူ ၅ မှတ်အကွာမှာ ရှိနေပါတယ်။

ဖူလ်ဟမ်ပွဲအတွက် လီဗာပူးပရိသတ်တွေပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ကွင်းလယ်လူ ဂရာဗင်ဘက်ချ်က ရရှိခဲ့ပါတယ်။

ဖူလ်ဟမ်ကို ရင်ဆိုင်တဲ့ပွဲမှာ ကစားသမားတွေနဲ့ ပရိသတ်တွေကလွဲလို့ ကျန်တဲ့သူ အားလုံးက အသင်းဘက်ကမှာ မရှိခဲ့ဘူးလို့ ဆလော့က ဆိုပါတယ်။

လီဗာပူးနည်းပြကတော့ ဖူလ်ဟမ်ရဲ့ ဖျက်ထုတ်မှုတွေမှာ သက်ညှာခဲ့တဲ့ ဒိုင်တွေကို သဘောမကျပေမယ့် ကစားသမားတွေထံက ထပ်မံ တောင်းဆိုစရာ မရှိတော့အောင် အားထုတ်ပေးခဲ့တာအတွက် ကျေးဇူးတင်စကား ဆိုပါတယ်။

ဒိုင်လူကြီးက ဆုံးဖြတ်ချက်တွေအတွက် တွန့်ဆုတ်နေတယ်လို့ လီဗာပူးနဲ့ ဖူလ်ဟမ် ကစားသမားတွေ ခံစားရကြောင်း ဗန်ဒိုက်က ပြောပါတယ်။

လီဗာပူးအသင်းဟာ တစ်ယောက်လျော့ တစ်ဂိုးရှုံး အခြေအနေမှာတောင် အနိုင်ရလဒ်အတွက် ကစားပြခဲ့တာက မယုံနိုင်စရာ အားထုတ်မှုအဖြစ် ဘီဘီစီသုံးသပ်သူ ခရစ်ဆက်တန်က ချီးကျူးပါတယ်။

ဂက်ပိုဂိုးရအောင် ဖန်တီးမှု လုပ်ပေးခဲ့တဲ့ မိုဆာလာဟာ လီဗာပူးအတွက် ဂိုးထောက်ပံ့မှု ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ဒဏ်ရာကြောင့် ၁၂ ပွဲထိ လွဲချော်ထားတဲ့ ဂျိုတာဟာ ကွင်းထဲမှာ သူ့ရဲ့ ပထမဆုံး သွင်းဂိုး ပြန်ယူနိုင်ဖို့ ၆ မိနစ်ပဲ အချိန်လိုခဲ့ပါတယ်။

ဖူလ်ဟမ်ပွဲမှာ ဆိုဘိုစလိုင်ဟာ လျော့နေတဲ့ အခြားသော ၁ ဦးစာအတွက်ပါ ပြေးလွှား အားထုတ်ကစားပေးခဲ့တယ်လို့ ချီးကျူးခံနေရပါတယ်။

ရော်ဘတ်ဆန်ဟာ လီဗာပူးအသင်းရဲ့ အောင်မြင်မှုတွေအတွက် အဓိကကျတဲ့ ဘယ်အစွန်လူ ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ ခြေစွမ်း မတည်ငြိမ်မှု အတော်လေး ဆိုးလာနေကြောင်း ထောက်ပြခံနေရပါတယ်။

ချန်ပီယံလိဂ်မှာ အကောင်းဆုံး ကစားသမားဆု ရခဲ့ပြီးမှ ဖူလ်ဟမ်ပွဲမှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည် ပြသခဲ့တဲ့ ရော်ဘတ်ဆန်ဟာ လာမယ့် ဖလားပွဲကို လွဲမှာဖြစ်ပါတယ်။