NEWS: ပွဲထွက်ကနေ ပါဝင်နိုင်မှာ မဟုတ်တဲ့ ဂျိုတာနဲ့ ဒဏ်ရာရ ကစားသမားများ အခြေအနေ

ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ တိုက်စစ်မှူး ဂျိုတာဟာ ပွဲထွက်ကနေ ပါဝင်နိုင်ဖို့ မရှိသေးဘူးလို့ နည်းပြဆလော့က ပြောပါတယ်။

ဆောက်သမ်တန်ပွဲမှာ ၁၃ ရက်ကြာ ပွဲမကစားထားရတဲ့ မာကာနဲ့ ပွဲချိန်တွေ လိုအပ်နေတဲ့ အန်ဒိုတို့ကို ပွဲထုတ်ဖို့ ရှိနေပေမယ့် ဂျိုတာကတော့ ပွဲထွက်မှာ ပါဝင်လာဖို့ မရှိပါဘူး။

ဒီပွဲမှာ နည်းပြအာနယ်ဆလော့ ကိုယ်တိုင်လည်း ပါဝင်မှာ မဟုတ်ဘဲ လက်ထောက်နည်းပြ ဟိုင်တင်ဂါက ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

အာနယ် ဆလော့ “ ဖူလ်ဟမ်ပွဲအပြီး ဂျိုတာ လုံးဝကြီး အဆင်ပြေမနေပါဘူး။ ပွဲအပြီး အသင်းနဲ့အတူ လေ့ကျင့်ရေး ဝင်နိုင်ခဲ့ခြင်း မရှိဘူး။ ဆောက်သမ်တန်ပွဲမှာ သူ ပွဲထွက်ကနေ ပါနိုင်ဖို့ မရှိပေမယ့် မိနစ် အနည်းငယ်တော့ ကစားနိုင်ပါလိမ့်မယ်။

ကိုစတက် ပြန်ကစားနိုင်ဖို့ နီးစပ်နေပါပြီ။ ဒီနေ့ သူ အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်မှာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် လေ့ကျင့်ရေး ပြန်ဝင်တာဆိုတော့ အခြေအနေ စောင့်ကြည့်ရမှာပါ ” လို့ ပြောပါတယ်။

အခြားသော ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ ဘရတ်ဒလေ၊ ကိုနတေးတို့ရဲ့ အခြေအနေအတွက်တော့ ” အခုချိန်ထိ အသင်းနဲ့အတူ ပြန်ပြီး လေ့ကျင့်နိုင်ခြင်း မရှိပါဘူး ” လို့ ပြောဆိုသွားပါတယ်။

လီဗာပူးအသင်းဟာ ဆောက်သမ်တန်ပွဲအပြီး စပါးအသင်းကွင်းထံသွားကာ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။