အသင်းသားတွေထက် ဒိုင်ကြောင့် ပိုစိတ်တိုရတဲ့ အာနယ် ဆလော့၊ ဘုန်းမောက်တို့ ဘယ်အစွန်လူသစ် ရှာနေခြင်း၊ ဂျိုတာ-ခီယေဆာ ၂ ဦးလုံး အကန့်အသတ်ပဲ ပွဲကစားရဖို့ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

မိုဆာလာက လီဗာပူးအသင်းနဲ့ ၂ နှစ်စာချုပ် သက်တမ်းတိုးလိုက်ပြီလို့ အဂွယ်ရိုက ပြောပါတယ်။ သူ ဘယ်က ကြားလဲတော့ မသိရပါဘူး။

အာနယ် ဆလော့က သူ့မှာ ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့ လစ်မစ်ဆိုတာ ရှိတယ်လို့ ဆိုပါတယ်။ အင်္ဂလန်မှာတော့ လီဗာပူးကစားသမားတွေရဲ့ အမှားကြောင့် အဆိုပါ လစ်မစ်ကို ကျော်လွန် ဒေါသထွက်ရတာထက် ဒိုင်တွေကြောင့် ဒေါသထွက်ရတာက ပိုများနေတယ်လို့ ရယ်မောပြီး ပြောဆိုပါတယ်။

ကာရေဂါရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး တိုက်စစ်မှူးကတော့ အွန်နရီဖြစ်ပြီး ဒုတိယနေရာမှာ မိုဆာလာဖြစ်ပါတယ်။ တတိယနေရာမှာ ခရစ္စတီယာနို ရော်နယ်ဒိုကို ထားထားပါတယ်။

အန်ဒိုဟာ ဆောက်သမ်တန်ပွဲမှာ ခံစစ်မှူးအဖြစ် ကစားရမယ် အသံထွက်နေပါတယ်။ ဂျပန်ကွင်းလယ်လူဟာ ဇာတိမြေက အထက်တန်းကျောင်းတွေမှာ ခံစစ်ပိုင်း သင်ခန်းစာတွေကိုတောင် သင်တန်းပို့ချပေးဖူးသူပါ။

ဆောက်သမ်တန်ပွဲမှာ ဂျိုတာ ပွဲထွက်ကနေ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ပေါ်တူဂီသားဟာ အရန်ကနေ ပွဲထွက်ဖို့ပဲ အဆင်ပြေနေပါသေးတယ်။

တိုက်စစ်မှူး ခီယေဆာကို ဆောက်သမ်တန်ပွဲမှာ ပွဲကစားခွင့်ပေးမှာဖြစ်ပြီး မိနစ် ၉၀ အပြည့်တော့ မရသေးဘူးလို့ ဆလော့က ဆိုပါတယ်။

FIFABest ဆုအတွက် အီဂျစ်အသင်းခေါင်းဆောင် မိုဆာလာဟာ ဘရာဇီး တောင်ပံသမား ဗင်နီးဆီးယက်စ်ကို မဲပေးခဲ့ပါတယ်။ ဗန်ဒိုက်ကလည်း ဗင်နီးဆီးယက်စ်ကိုပဲ မဲပေးခဲ့ပါတယ်။

ခရစ္စမတ်အကြို AlderHey ဆေးရုံမှာ ကလေးတွေကို လီဗာပူး ကစားသမားတွေ သွားရောက် အားပေးခဲ့ကြစဉ် ဒါဝင်နဲ့ ကလေးတစ်ဦးတို့ဟာ မိခင် ဘာသာစကား မဟုတ်တဲ့ အင်္ဂလိပ်နဲ့ စပိန်စကားတွေကို အပြန်အလှန် ပြောဆို လေ့ကျင့်ခဲ့ကြပါတယ်။

ဘုန်းမောက်အသင်းဟာ အာဂျင်တီးနား ဘယ်အစွန်လူ ဆိုလာကို ချိတ်ဆက်နေပါတယ်။ ၎င်းတို့အသင်း ဘယ်အစွန်လူ မီလိုစ့်ကာ့ဇ်ဟာ လီဗာပူးနဲ့ သတင်းကြီးတွေ ထွက်နေတာပါ။