

ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် လီဗာပူးအသင်းဟာ စပါးအသင်းနဲ့ အိမ်ကွင်း အဝေးကွင်း ၂ ကျော့ ယှဉ်ပြိုင်ရပါမယ်။ အခြားသော အတွဲကတော့ အာဆင်နယ် vs နယူးကာဆယ် ဖြစ်ပါတယ်။
ခံစစ်မှူး ကိုနတေးဟာ Gym မှာ ဒူးနဲ့ ပတ်သက်တဲ့ လေ့ကျင့်ရေး အမာစားတွေ စတင် ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီနှစ်ထဲ သူ ပြန်ကစားနိုင်လောက်မယ်လို့ ခန့်မှန်းချက်တွေလည်း ထွက်နေတာပါ။
ဆောက်သမ်တန်ပွဲမှာ အန်ဒိုဟာ အရပ် ၆ ပေ ၈ လက်မမြင့်တဲ့ ပြိုင်ဘက် တိုက်စစ်သမား Onuachu နဲ့ ယှဉ်တိုက်ရာမှာ အမြင့်ဘော ၂ ကြိမ် အောင်မြင်ခြင်းအကြောင်း လူပြောများနေပါတယ်။
လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ အန်ဒိုအတွက် ကမ်းလှမ်းခံရမှုတွေ ရှိလာခဲ့ရင် ငြင်းဆန်မှာဖြစ်ကာ ကွင်းလယ်လူကို ရာသီကုန်ထိ ဆက်ထိန်းထားမှာပါ။
လီဗာပူးအသင်းဟာ တိုက်စစ်မှူးနေရာအတွက် လေ့လာမှုတွေ ပြုလုပ်နေဆဲဖြစ်ကာ လိုက်ဇစ်မှ ဆက်ကိုနဲ့ လိုင်လီမှ ဂျိုနသန် ဒေးဗစ်တို့ကို သဘောကျမှုရှိတယ်လို့ The Athletic က ဆိုပါတယ်။
သီယေဂိုဟာ ၂၀၂၅ မှာတော့ ဘာစီလိုနာအသင်း နည်းပြအဖွဲ့ထဲ ပြန်လည် ပါဝင်သွားမယ်လို့ သိရပါတယ်။
၂၀၁၉ က လီဗာပူးအသင်းနဲ့ လက်ရှိ လီဗာပူးအသင်း ဘယ်အသင်းက ပိုကောင်းလဲ မေးခွန်းကို ကွင်းလယ်လူဟောင်း ကိတ်တာကတော့ ၂၀၁၉ အသင်းပေါ့လို့ ရယ်မောပြီး ပြန်ဖြေပါတယ်။
ဇန်နဝါရီမှာ မန်စီးတီးအသင်းဟာ လူသစ် ၄ ဦးလောက်ထိ ခေါ်ယူနိုင်ကြောင်း ဂွာဒီယိုလာက အသိပေးလာပါတယ်။