

သောကြာနေ့ လီဗာပူးအသင်း လေ့ကျင့်ရေးမှာတော့ ဂျိုတာ၊ ခီယေဆာ၊ ကိုစတက် အပါအဝင် အသင်းသား အားလုံးနီးပါး ပါဝင်သွားပါတယ်။ အီဘူးနဲ့ ဘရတ်ဒလေ ၂ ဦးကတော့ မပါနိုင်သေးပါဘူး။
2024 Fans’ Footballer of the Year ဆုကို မိုဆာလာက ရရှိသွားပါတယ်။
လိုင်ယွန် တိုက်စစ်သမား ချာကီကို ပီအက်စ်ဂျီက ခေါ်ယူဖို့ ကြိုးစားမှာ မဟုတ်ဘဲ အခြားသော ကလပ်တွေက အခွင့်အရေး ပိုရလာတော့မှာပါ။
ဘောလုံးဂန္တဝင်တစ်ဦး ဖြစ်လိုတဲ့ ထရန့်ရဲ့ ခံယူချက်ကို ကြိုက်တယ်လို့ ဆလော့က ဆိုခဲ့ပြီး ဘောလုံးဟာ အသင်းလိုက် ကစားရခြင်းကို မမေ့ဖို့တော့ သတိပေးပါတယ်။
အရင်အပတ်တွေက ဂိုးမသွင်းနိုင်လို့ ဝေဖန်ခံရတဲ့ ဒါဝင်ဟာ ဒီအပတ်မှာ ကိုယ်တိုင်လည်း သွင်းသလို အသင်းဖော်တွေကိုလည်း ဂိုးထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ နည်းပြ ဆလော့က ကာကွယ်ပေးသွားပါတယ်။
ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးကတော့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်ပဲ ရသွားလိမ့်မယ်လို့ ထပ်မံ ပြောလာပါတယ်။
ဥရောပ ဘောလုံးကွင်းတွေထဲ အကြိုက်ဆုံးကွင်းကို မေးခံရချိန်မှာ ဇာဗီကတော့ အန်ဖီးကွင်းကို ရွေးချယ်ခဲ့ပါတယ်။ ဇာဗီဟာ ကစားသမားဘဝမှာ အန်ဖီးကို လာရောက် ယှဉ်ပြိုင်ဖူးပါတယ်။
ကာရာဘောင်း ကွာတားဖိုင်နယ်အဆင့်ပွဲတွေအတွက် အကောင်းဆုံး ၁၁ ဦးစာရင်းထဲ အန်ဒို ပါဝင်သွားပါတယ်။
လီဗာပူးအသင်းသားတွေဟာ လေ့ကျင့်ရေးမှာ ဂိုးပေါက် ကန်သွင်းမှုကို နေရာစုံကနေ ပြုလုပ်ရလေ့ရှိပြီး အကောင်းဆုံး အဆုံးသတ်နိုင်သူက ဆာလာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် ဘယ်အစွန်လူ အဖွန်ဆိုရဲ့ အေးဂျင့်ဟာ နှစ်သစ်ကူးပြီးရင် အင်္ဂလန်ကို ရောက်လာပြီး လီဗာပူးနဲ့ပါ ဆွေးနွေးမှု ပြုလုပ်သွားဖို့ ရှိပါတယ်။
လီဗာပူးအသင်းရဲ့ ဘယ်အစွန်နေရာအတွက် ပစ်မှတ်ထဲမှာ ဘုန်းမောက် ဘယ်အစွန်လူ ကာဇ့်နဲ့ ဝုဗ်အစွန်လူ နူရီတို့ ပါဝင်နေပါတယ်။
လီဗာပူးအသင်းသားတွေကြာမှာ အာနယ် ဆလော့ရဲ့ နည်းစနစ်တွေဟာ ကလပ် လက်တလော ဝေးကွာနေတဲ့ ဆုဖလားကြီးတွေကို အောင်မြင်စေလိမ့်မယ်လို့ ယုံကြည်နေကြကြောင်း The Athletic က ထုတ်ဖော်ပါတယ်။