

ဒီနွေမှာ လီဗာပူးနဲ့ သတင်းကြီးတွေ ထွက်ထားခဲ့တဲ့ ကွင်းလယ်လူ ဇူဘီမန်ဒီဟာ ဆိုစီဒက်မှာပဲ ဆက်နေဦးမယ် အရိပ်အယောင်တွေ ရှိနေဆဲပါ။
ရီးရဲလ်ဆိုစီဒက် ဒါရိုက်တာ Olabe က ပြောရာမှာ “ ဇူဘီမန်ဒီမှာ စာချုပ်ပါကြေးတစ်ရပ် ရှိနေတာ မှန်ပါတယ်။ ဒါပေမယ့် ကိစ္စတွေကို ကစားသမားတွေကပဲ အမြဲတမ်း ဆုံးဖြတ်ရတာပါ။ သူကတော့ ကျနော်တို့ရဲ့ ပရော်ဂျက်မှာ အပြည့်အဝ ပါဝင် အားထုတ်နေဆဲဖြစ်ပါတယ်။
အခုချိန်ထိတော့ ဇူဘီမန်ဒီက အဆင်ပြေပြေရှိနေဆဲဖြစ်ပြီး ဇန်နဝါရီမှာ အသင်းကနေ ထွက်သွားမယ်ဆိုတာအတွက် စိုးရိမ်ရမှုတွေ ရှိမနေပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
အပြောင်းအရွှေ့ သတင်းတွေမှာတော့ လီဗာပူးက စပိန်သားကို ဆက်လက် စောင့်ကြည့်နေကြောင်းအပြင် ကွင်းလယ်လူ လိုအပ်နေတဲ့ မန်စီးတီးဟာ ဇန်နဝါရီမှာ ဇူဘီမန်ဒီကို ခေါ်ယူနိုင်ရေး ဦးစားပေးမှာ မဟုတ်ကြောင်း အသံထွက်နေတာဖြစ်ပါတယ်။