

တိုက်စစ်မှူး မိုဆာလာဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးထောက်ပံ့မှု အများဆုံး ထိပ်ဆုံး ကစားသမား ၁၀ ဦးစာရင်း နံပါတ် ၁၀ နေရာက ပါဝင်သွားပါပြီ။
အပြင်ဘက်မှာ အသံတွေ သိပ်ကျယ်နေပေမယ့်လို့ ကလပ်တာဝန်ရှိသူတွေနဲ့ ထရန့်တို့ရဲ့ ကိုယ်စားလှယ်ကြား စကားပြောမှုတွေက သိပ်ကို တည်ငြိမ်ကာ ဖြစ်နိုင်ချေရှိတာတွေကို ဦးတည်ဆွေးနွေးနေကြဆဲလို့ သိရပါတယ်။
စာချုပ်သစ်အတွက် သတင်းသစ် ပေးစရာ မရှိကြောင်းနဲ့ ဘယ်အချိန်မှာ စာချုပ်ကိစ္စ အပြီးသတ်ရမယ်ဆိုပြီး အနာဂတ်ကို ကန့်သတ်မထားပါဘူးလို့ ဗန်ဒိုက်က ပြောပါတယ်။
လီဗာပူးရဲ့ gym လေ့ကျင့်ရေးတွေအတွင်း အီဘူးကိုလည်း တွေ့တွေ့နေရပါတယ်။ သူက အခုချိန်ထိ မြက်ခင်းပေါ်တော့ ပြန်ပြီး ခြေချလာခြင်း မရှိသေးပါဘူး။
ဒီရာသီ ဆာလာရဲ့ ခြေစွမ်းက ဘလွန်းဒီအောဆုတောင် ရနိုင်တာမို့ တံကောက်ကြော ဒဏ်ရာရပါစေလို့ အာဆင်နယ် ပရိသတ်တွေက ဆုတောင်းခဲ့ပါတယ်။ အခုတော့ တိုက်စစ်သမား ဆာကာက တံကောက်ကြော ရသွားတာမို့ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပြန်လာတာပဲလို့ လီဗာပူးပရိသတ်တွေက တုန့်ပြန်ပါတယ်။
မိုဆာလာဟာ ဒီရာသီ ကြီး ၆ ကြီး ကလပ်တွေကို ရင်ဆိုင်ရာမှာ ကိုယ်တိုင် ၆ ဂိုးထိ သွင်းယူခဲ့သလို ဂိုးထောက်ပံ့မှုကလည်း ၆ ကြိမ်ထိ ရှိထားပါတယ်။
စပါးနဲ့ပွဲမှာ နည်းပြဆလော့က ပြိုင်ဘက်အသင်း ညာခြမ်းခံစစ်က ဒရာဂူဆန်ကို ဦးတည်ပြီး ထိုးဖောက်ဖို့ မှာကြားထားခဲ့တယ်လို့ ဂရာဗင်ဘက်ချ်က ဝန်ခံပါတယ်။
စပါးအသင်းခေါင်းဆောင် ဆွန်က လီဗာပူးကို ဒီလောက်ကြီး ရှုံးရတာ နာကျင်ရတယ်လို့ ဆိုခဲ့သလို မတ်ဒီဆန်ကတော့ ၆ ဂိုးထိ ပေးရမယ့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်းကို ၃ ဂိုးတောင် ပြန်သွင်းနိုင်တာအတွက် ဂုဏ်ယူနေပါတယ်။
ဆိုစီဒက် အားကစားဒါရိုက်တာကတော့ ဇန်နဝါရီမှာ ဇူဘီမန်ဒီကို ဆက်ထိန်းသွားဦးမယ့် သဘောမျိုးကို ပြသပါတယ်။
လက်ရှိ လီဗာပူးကစားနေတာဟာ သူ့ခေတ်က ယူနိုက်တက်ကစားနေတာကို သတိရမိသလို ထရန့်က ဘက်ခမ်းလိုပါပဲလို့ နဗီးက ဆိုပါတယ်။