မှန်ကန်တဲ့ အခွင့်အရေးကို စောင့်မည်၊ မာရက်စ်ကာပြောတဲ့ ကွာဟချက်၊ ပျော်နေတဲ့ အာဆင်နယ်ပရိသတ်များ၊ ဘယ်အစွန် စောင့်ကြည့်မှုနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

စပါးပွဲမှာ ခြေပဂိုး ခပ်လွယ်လွယ် ၂ ဂိုးပေးလိုက်ရတာကို ကောင်းတဲ့ကိစ္စလို့ အာနယ် ဆလော့က မြင်ပါတယ်။ ပရီးမီးယားလိဂ်ဟာ ဘယ်တုန်းကမှ အထင်သေးလို့မရဘူးဆိုတာကို အသင်းသားတွေ သတိကပ်စေမယ့် ဖြစ်ရပ်လို့ သူက ပြောပါတယ်။

ဒီနှစ် ခရစ္စမတ်ကို ယခင်နှစ်တွေကအတိုင်း မိသားစုနဲ့အတူ ဆာလာ ဆုတောင်းပေးသွားခြင်းကို ဝေဖန်မှုတွေ များစွာ လုပ်ဆောင်နေကြပါတယ်။

ဆာလာ ခရစ္စမတ် ဆုတောင်းပေးခြင်းကို အာဆင်နယ်ပရိသတ်တွေ အောင်ပွဲခံနေကြပါတယ်။ ပြိုင်ဘက်ပရိသတ်တွေကတော့ ဆာလာ အဲ့လို ဆုတောင်းရင် ဒုတိယရာသီဝက်ဆိုရင် ခြေစွမ်းကျတတ်တယ်လို့ ယုံကြည်နေတာပါ။

ခရစ္စမတ်ပြီးသွားတာတောင် ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်ကိစ္စ မကြားရတာကြောင့် လီဗာပူးပရိသတ်တွေ စိတ်ပျက်နေကြပါတယ်။

ဗန်ဒိုက်က သူ နောက်ထပ် ၃ နှစ် ၄ နှစ်လောက် အမြင့်ဆုံးအဆင့်မှာ ဘောလုံးကစားနိုင်ကြောင်း ထုတ်ပြောလာပါတယ်။

လီဗာပူးဘက်က ဗန်ဒိုက်ကို ၂ နှစ်ထက် ကျော်ပြီး စာချုပ်သစ်ပေးလိုခြင်း မရှိပေမယ့် ကစားသမားဘက်က ၃ နှစ် ဒါမှမဟုတ် ၄ နှစ် စာချုပ် ရလိုနေကြောင်း အသံထွက်နေပါတယ်။

ချယ်ဆီးနည်းပြ မာရက်စ်ကာကတော့ သူ့အသင်းနဲ့ လီဗာပူးကြားမှာ ချန်ပီယံဖြစ်ဖူးတဲ့ အတွေ့အကြုံ ကွာဟတယ်လို့ မှတ်ချက်ပေးလာပါတယ်။

မှန်ကန်တဲ့ တန်ကြေးနဲ့ အခွင့်အရေးမျိုးမှ မဟုတ်ရင် လီဗာပူးက ဆောင်းရာသီ စျေးကွက်ထဲ မဝင်ပါဘူးလို့ ရိုမန်နိုက ပြောပါတယ်။ ဒီစကားက အသင်းပရိသတ်တွေ နှစ်တိုင်း ကြားနေကျ စကားမျိုးဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လူငယ် ဘယ်အစွန်လူသစ် တစ်ဦးကို ခေါ်ယူဖို့ကို ပိုမို ဦးစားပေးပေမယ့် ဖူလ်ဟမ်အသင်းမှ အမေရိကန် ဘယ်အစွန်လူ ရော်ဘင်ဆန်ကို ကင်းထောက် စောင့်ကြည့်မှု ဆက်လုပ်နေပါတယ်။

စပါးပွဲမှာ ခီယေဆာ ပါဝင်နိုင်ခြင်း မရှိတာဟာ ဖျားနေလို့ဖြစ်ကြောင်း အာနယ် ဆလော့က လက်စတာပွဲကြိုမှာ ပြောပါတယ်။