

လီဗာပူးအခြေစိုက် သတင်းတွေက ထရန့်ဟာ သူ မက်ဒရစ်ကို ပြောင်းချင်တယ်လို့ အသင်းတာဝန်ရှိသူတွေကို အသိပေးထားခြင်း မရှိဘူးလို့ ဆိုပါတယ်။
လီဗာပူးပရိသတ်တွေကတော့ မာကာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ PR မီဒီယာပဲဖြစ်ပြီး ထရန့်က လီဗာပူးကို ငြင်းလိုက်ပြီလို့ ရေးသားမှုဟာ လီဗာပူးသားကို ပရိသတ်တွေဘက်က ကျောခိုင်းသွားအောင် ရည်ရွယ်ပြီး လုပ်ဆောင်နေတာမို့ ထရန့်ရဲ့ လူမှုကွန်ယက်တွေမှာ အဆိုးမြင် ရေးသားမှုတွေ မလုပ်ကြဖို့ သတိပေးနေပါတယ်။
တချိန်တည်းမှာပဲ လီဗာပူးဒေသခံ အဖွဲ့တွေနဲ့ လူသိများတဲ့ X အကောင့်ပိုင်ရှင်တွေက ထရန့်ကို အသင်းမှာ ဆက်နေဖို့ ဂျရတ်လို ဂန္တဝင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တူ ဖလားအောင်မြင်မှုတွေမှာ အတူလျှောက်လမ်းဖို့ တိုက်တွန်းနေပါတယ်။
နှစ်သစ်မကူးခင်မှာ အဓိက ကစားသမားတွေရဲ့ စာချုပ်သစ်ကို အပြီးသတ်နိုင်ဖို့အတွက် လီဗာပူးဘက်က အပြင်းအထန် အားထုတ်နေပါတယ်။ အရေးကြီးတာက ရလဒ်ဖြစ်ပြီး အောင်မြင်သွားဖို့ မျှော်လင့်နေကြတာပါ။
ထရန့်ဟာ အင်္ဂလန်မြေမှာ အကောင်းဆုံး ခြေစွမ်းနဲ့ မှတ်တိုင်တွေ စိုက်ထူခဲ့ပေမယ့် လေးစားခံရမှု နည်းပါးခြင်းကြောင့် စပိန်မြေကို ထွက်သွားလိုနေခြင်းဆိုပြီး ဒေးလီးမေလ်းက ရေးလာပါတယ်။
ဝက်စ်ဟမ်းပွဲမှာတော့ ကွင်းလယ်လူ ဆိုဘိုစလိုင်က အဝါကတ်တွေပြည့်သွားလို့ ၁ ပွဲ ပယ်ခံရမှာဖြစ်ကာ ယူနိုက်တက်နဲ့ပွဲမှာ ပြန်ပါလာမှာပါ။ နောက်ထပ် လီဗာပူး ကစားသမားတွေဖြစ်တဲ့ ဂရာဗင်ဘက်ချ်၊ ဂက်ပို၊ ဒါဝင်တို့ကလည်း ဝက်စ်ဟမ်းပွဲမှာ အဝါကဒ်ရရင် ယူနိုက်တက်ပွဲကို လွဲကြမှာဖြစ်ပါတယ်။
အာနယ် ဆလော့ဟာ အခြေကျပြီး အသင်းတစ်သင်းကို အခန့်သား ဝင်ကိုင်ခဲ့တဲ့သူဖြစ်ပြီး ဒီရာသီရဲ့ အကောင်းဆုံး မန်နေဂျာ မဟုတ်ဘူးလို့ ယူနိုက်တက် ခံစစ်မှူးဟောင်း ဖာဒီနန်က ပြောပါတယ်။
ဝက်စ်ဘရွန်းအသင်းဟာ ဒီရာသီကမှ နည်းပြဆလော့ရဲ့ နည်းပြအဖွဲ့ထဲ လက်ထောက်တစ်ဦးအဖြစ် ပူးပေါင်းလာတဲ့ ဟိုင်တင်ဂါကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုနေပါတယ်။
မာမာဒီရှီဗီလီဟာ ၂၀၂၄ ခုနှစ်အတွက် ဂျော်ဂျီယာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။
ဇန်နဝါရီမှာ လီဗာပူးဘက်က ကစားသမား တစ်ဦးကိုမှ ထွက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဆိုထားပေမယ့် ခီယေဆာကို စီးရီးအေကလပ်တွေက အငှားခေါ်ယူလိုနေဆဲပါ။