

ဇန်နဝါရီစျေးကွက် နီးကပ်လာချိန်မှာ အပြောင်းအရွှေ့ သတင်းတွေ ဆက်တိုက် ထွက်လာနေကြပြီး လီဗာပူးအသင်းသား အချို့ကိုလည်း အပြောင်းအရွှေ့ဆိုင်ရာ ချိတ်ဆက် ဖော်ပြမှုတွေ ရှိလာနေပါတယ်။
အီတလီဘက်က သတင်းတွေမှာတော့ အေစီမီလန်အသင်းဟာ တိုက်စစ်မှူး ဒါဝင် နူးညက်စ်ကို လာမယ့်နွေမှာ အပြီးသတ် ခေါ်ယူမှု မတိုင်ခင် ဇန်နဝါရီမှာတင် အငှားဖြင့် ကမ်းလှမ်းလိုနေတယ် ဆိုပါတယ်။
အေစီမီလန်ဘက်က ကနဦး အငှားအတွက် ယူရို ၅ သန်း ပေးမှာဖြစ်ကာ အပြီးသတ် ဝယ်ယူဖြစ်မယ်ဆိုရင် နောက်ထပ် ယူရို ၄၅ သန်း ပေးချေမယ်လို့ ဖော်ပြလာတာပါ။
ဒါဝင် နူးညက်စ်ဟာ ၂၀၂၂ နွေမှာတုန်းက လီဗာပူးအသင်းထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း ထပ်တိုးကြေး ယူရို ၂၅ သန်းတို့ဖြင့် ရောက်လာခဲ့တာပါ။ သူဟာ အာနယ် ဆလော့ရဲ့ အသင်းမှာ ပုံမှန်ပွဲကစားခွင့် မရပေမယ့် ပွဲချိန် အများကြီး ကစားခွင့်ရထားပါတယ်။
ဆောင်းရာသီ စျေးကွက် မတိုင်ခင်မှာ လီဗာပူးအသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရတော့ အသင်းဟာ အဓိက ကစားသမား တစ်ဦးကိုမှ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ သိထားရတယ်။
ဒီလတွေအတွင်း ဂျိုတာ ဒဏ်ရာရနေချိန် ပွဲထွက်ကနေ ပါဝင်နေကာ သွင်းဂိုးနည်းပါးခြင်းကြောင့် ဝေဖန်ခံနေရပေမယ့် တိုက်စစ်ပိုင်း ကစားအားကြောင့် နှစ်သက်ခံရမှုတွေလည်း ရှိနေသူဖြစ်ပါတယ်။
တချိန်တည်းမှာပဲ လီဗာပူးအသင်းဟာ နံပါတ် ၉ တိုက်စစ်သမားသစ် တစ်ဦးကို နွေမှာ ခေါ်ယူဖို့ စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။