ယူနိုက်တက်ကစားသမားဟောင်း ရီယို ဖာဒီနန် ကြိ-တ်-ပြီး အားကျနေရတဲ့ လီဗာပူးရဲ့ အားသာချက်

လီဗာပူးအသင်းဟာ နည်းပြအာနယ် ဆလော့ ကောင်းလွန်းနေတာကြောင့် မဟုတ်ဘဲ ကလပ်ကိုက တည်ငြိမ်တာကြောင့် ရလဒ်ကောင်းတွေ ဆက်တိုက် ယူနေတာလို့ ရီယို ဖာဒီနန်က ပြောပါတယ်။

ဒါတွေရဲ့အစက ပရီးမီးယားလိဂ်မှာ လက်ရှိ အကောင်းဆုံး နည်းပြက အာနယ် ဆလော့လား ဆိုတဲ့ ဆွေးနွေးမှုကနေ စတင်လာခဲ့တာဖြစ်ကာ ယူနိုက်တက် ကစားသမားဟောင်း အိုဝင်ဟားဂရေဗ့်ကတော့ ထောက်ခံခဲ့ပါတယ်။

အိုဝင်ဟားဂရေဗ့်က ‘ အာနယ် ဆလော့ လုပ်နေတာ မယုံနိုင်စရာပါပဲ။ ပရီးမီးယားလိဂ်ကို ဦးဆောင်ထားစေတယ်၊ ချန်ပီယံလိဂ်မှာလည်း လီဗာပူးကို အကောင်းဆုံးအသင်း ဖြစ်နေစေတယ်။ လက်ရှိ အင်္ဂလန်မှာ အကောင်းဆုံးနည်းပြက အာနယ် ဆလော့ဆိုတာ မေးခွန်းထုတ်ဖို့ကို မလိုပါဘူး ‘ လို့ ချီးကျူးခဲ့တာပါ။

အသင်းဖော်ဟောင်း ရီယို ဖာဒီနန်က ‘ မဟုတ်ပါဘူးကွာ။ အာနယ် ဆလော့က ကောင်းပါတယ်။ ဒါပေမယ့် သူ လီဗာပူးအတွက် လုပ်ပြနိုင်တာထက် စာရင် ချယ်ဆီးကို ထိပ်ဆုံးအဆင့်ထံ ပြန်ဆယ်မလာတဲ့ မာရက်စ်ကာကမှ တကယ်ကောင်းတာပါ ‘ လို့ လက်ရှိ အကောင်းဆုံးနည်းပြက အီတလီသားဖြစ်တယ် တုန့်ပြန်ခဲ့တယ်။

ဖာဒီနန်ကတော့ လီဗာပူးအသင်းရဲ့ အုပ်ချုပ်ရေးနဲ့ အသင်းကို ကွပ်ကဲမှုဟာ အရမ်းကောင်းလွန်းပြီး တည်ငြိမ်နေတာကြောင့် အာနယ် ဆလော့ ဒီလောက် လုပ်ပြနိုင်တာ ဖြစ်ပြီး အဲ့အစား ချယ်ဆီးလို မတည်ငြိမ်တဲ့အသင်းကို ဆွဲတင်လာတဲ့ မာရက်စ်ကာကမှ ချီးကျူးသင့်တာလို့ ဆိုပါသေးတယ်။

‘ ဆလော့က တည်ငြိမ်နေတဲ့ သင်္ဘောပေါ် တက်ခွင့်ရခဲ့တာကိုး။ သူတို့မှာ အားကစားဒါရိုက်တာအသစ် ရောက်ထားပေမယ့် သူတို့အသင်းက တည်ငြိမ်တယ်လေကွာ။

လီဗာပူးအသင်း ပတ်ဝန်းကျင်က ဟန်ချက်ကို ညီနေတာ။ သူတို့မှာ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေတာတွေ ဆူဆူညံညံတွေလည်း မရှိဘူး။ ကလော့ပ် ရှိတုန်းကလည်း အဲ့လိုပဲဟာ ‘ လို့ ရီယို ဖာဒီနန်က ဆိုခဲ့သေးတာပါ။

ရီယိုကတော့ ကလော့ပ် ခေတ်ကတည်းက လီဗာပူးအသင်း အုပ်ချုပ်မှုပိုင်း ကောင်းမွန်ခြင်းကို အားကျနေဟန်ရှိကာ အဲ့ဒါကြောင့်ပဲ ဘယ်သူပဲ ဝင်လာလာ အသင်းက လမ်းကြောင်းမှန်ပေးမှာ ရှိနေတာလို့ ဆိုခဲ့တာဖြစ်ပါတယ်။