

ထရန့်ကို သက်တမ်းတိုးနိုင်ရေး ဆက်လက် ကြိုးစားနေတဲ့ လီဗာပူးအသင်းကို နောက်တစ်ကြိမ် အားစမ်းမှုအဖြစ် ရီးရဲလ်မက်ဒရစ်ဘက်က ကစားသမားအတွက် ဒုတိယအကြိမ် ချဉ်းကပ်မှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ထရန့်အတွက် ပေါင် သန်း ၂၀ တန် ကမ်းလှမ်းမှုဖြင့် ဇန်နဝါရီမှာတင် ရလိုပေမယ့် လီဗာပူးဘက်ကတော့ လက်ခံစကားပြောဖို့ ရည်ရွယ်ချက် မရှိပါဘူး။
လီဗာပူးအသင်းဟာ ထရန့်ကို စာချုပ်သစ်ပေးနိုင်ရေး ကိစ္စအတွက် ရှေ့ဆက် ကြိုးစားနေဆဲဖြစ်ကာ ကစားသမားထံက အသင်းကနေ ထွက်ခွာလိုစိတ် မမြင်ရသေးဘူးလို့လည်း Paul Joyce က ခိုင်ခိုင်မာမာ ပြောဆိုပါတယ်။
ဆာလာနဲ့ ဗန်ဒိုက်တို့ရဲ့ စာချုပ်ကိစ္စကို အောင်မြင်အောင် ဖြေရှင်းနိုင်ဖို့ လီဗာပူးဘက်က ကြိုးစားနေပြီး အရေးသားမှုရသွားတဲ့ သတင်းမျိုး မကြားရသေးပါဘူး။
ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ မိုဆာလာကို ၃ နှစ်သက်တမ်းရှိမယ့် စာချုပ်ဖြင့် ခေါ်ယူနိုင်ရေး ချဉ်းကပ်လိုနေပါတယ်။
ဘာစီလိုနာမှာ နာမည်စာရင်းသွင်းမှု မအောင်မြင်ခဲ့တဲ့ အော်မိုကို ခေါ်ယူရေး လီဗာပူးအသင်း စိတ်ဝင်စားမှုရှိတယ်လို့ စပိန်သတင်းတွေက ဆိုပါတယ်။
လီဗာပူးအသင်းဘက်က ကွင်းလယ်ခံစစ်နဲ့ ဘယ်အစွန်လူ နေရာတွေကို အားဖြည့်လိုနေဆဲဖြစ်ကာ မှန်ကန်တဲ့ အခွင့်အရေးရမယ်ဆိုရင် စျေးကွက်ထဲ ဝင်ပါလိမ့်မယ်။
၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ် ဆောင်းရာသီ စျေးကွက်တွေမှာ လီဗာပူးအသင်းဟာ လူသစ်ခေါ်ယူမယ် အာမခံချက် မပေးခဲ့ဘဲ အခွင့်အရေးကောင်း ရလာချိန်တွေမှာ ဒီယက်ဇ်နဲ့ ဂက်ပိုတို့ကို ခေါ်ယူဖူးပါတယ်။
ကိုနတေးထက် အရင် ဘရတ်ဒလေက လီဗာပူးအတွက် ပြန်ပြီး ပွဲကစားပေးနိုင်ဖွယ် ရှိနေပါတယ်။
ချန်ပီယံရှစ်မှာ ပွဲကစားခွင့်မရဖြစ်နေတဲ့ ကယ်ဗင်ရမ်ဆေးဟာ ဇန်နဝါရီမှာပဲ လီဗာပူးအသင်းထံ ပြန်လာတော့မှာဖြစ်ပါတယ်။
ကစားသမားဘဝ နောက်တစ်ဆင့်ကို တက်လိုနေတဲ့ ဗန်ဒုတ်ကို ပရီးမီးယားလိဂ်ကလပ် လက်စတာဘက်က ဇန်နဝါရီမှာ အငှား ဒါမှမဟုတ် အပြီးသတ်ဖြင့် ခေါ်ယူရေး ကြိုးစားဖွယ် ရှိနေပါတယ်။