

ဘောလုံးရာသီဝက်ကို အကောင်းဆုံး ကျော်ဖြတ်ထားတဲ့ လီဗာပူးအသင်းဟာ ဒီအပတ်မှာတော့ မဟာပြိုင်ဘက် ယူနိုက်က်ကို ရင်ဆိုင်ခြင်းနဲ့အတူ ဒုတိယ ရာသီဝက်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အဓိက ကစားသမားတွေဖြစ်တဲ့ ထရန့်၊ ဆာလာ၊ ဗန်ဒိုက်တို့ရဲ့ အနာဂတ်ကိစ္စ မသေချာခြင်းဟာ ကွင်းတွင်း စွမ်းဆောင်ရည်တွေကို သက်ရောက်ခြင်း မရှိဖို့ မျှော်လင့်ရတာဖြစ်ကာ ဆာလာကတော့ မြို့ခံတွေအတွက် ပရီးမီးယားလိဂ်ဖလား ရယူပေးလိုကြောင်း ထုတ်ဖော်ထားတယ်။
အာနယ် ဆလော့ကတော့ အားကစားဆိုင်ရာ ကိစ္စတွေကို ပရော်ဖက်ရှင်နယ်တွေ တာဝန်ယူကြမှာဖြစ်ပြီး ယူနိုက်တက်ပွဲမှာ အန်ဖီးကွင်းက ပရိသတ်တွေရဲ့ ကောင်းမွန်တဲ့ ခံယူချက်ဖြင့် အားပေးမှုကို တောင်းဆိုပါတယ်။
” ကုန်ခဲ့တဲ့နှစ်တွေမှာ လုပ်ပေးကြသလိုပဲ တနင်္ဂနွေနေ့ပွဲမှာ လီဗာပူးပရိသတ်တွေဟာ အသင်းနဲ့ အသင်းသားတွေဘက်က အပြည့်အဝ ရပ်တည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။
လီဗာပူးအသင်းကို ကျနော် ရောက်လာတဲ့ နှစ်ဝက်အတွင်း ပရိသတ်တွေထံက မှန်ကန်တဲ့ ခံယူချက်ကို အမြဲမြင်တွေ့ထားရပြီး အသင်းနဲ့ပရိသတ်တွေဟာ အမြဲတမ်း အတူတကွရှိခဲ့ကြပါတယ်။
ဒီပေါင်းစပ်မှုဟာ အန်ဖီးမှာ များစွာသော ပွဲကောင်းတွေနဲ့ ထူးခြားတဲ့အရာတွေကို ဖြစ်စေခဲ့တယ်။ ငါတို့ ဘယ်လိုမျိုး လုပ်ပေးရမလဲဆိုပြီး ပရိသတ်တွေဘက်က မေးခွန်းထုတ်စရာမလိုအောင် သူတို့လုပ်ရမှာကို သူတို့ သိကြပါတယ်။ ” လို့ ဆလော့က ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒုတိယနေရာက အာဆင်နယ်ကို ၆ မှတ်ဖြတ်ထားနိုင်ပြီး ဒီကွာခြားမှုကို ဆက်ထိန်းနိုင်ဖို့က နိုင်ပွဲတွေ ဆက်လက် ရယူနေရမှာပဲ ဖြစ်ပါတယ်။