ယူနိုက်တက်ပွဲမှာ ဘ-ဝ-င်-လေ-ဟ-ပ်နေတဲ့ လီဗာပူးအသင်းသားအား ကာရေဂါ ဝေဖန်

ယူနိုက်တက်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ လီဗာပူးကွင်းလယ်လူ ကာတစ်ဂျုံးရဲ့ ဘောလုံးကစားဟန်ဟာ ယုံကြည်မှုရှိခြင်းထက်စာရင် ဘဝင်လေဟပ်တဲ့ဘက်ကို သွားနေတယ်လို့ ကာရေဂါက ထောက်ပြလာပါတယ်။

ကာတစ်ဂျုံးဟာ ဖိအားပေးချိန်တွေမှာ သူ့ရဲ့ တရစပ်သော ကစားနိုင်စွမ်း၊ ကွင်းလယ်ကနေ အသင်းအတွက် အင်ဂျင်တစ်လုံး ဖြစ်ပေးနိုင်စွမ်းတွေကြောင့် နေရာရလာသူပါ။ ဒါပေမယ့် သူ့ရဲ့ ကစားသမားဘဝမှာ ဘောလုံးကိုင်လိုစိတ် ပြင်းထန်မှုကို လျော့ချဖို့ လိုအပ်သူအဖြစ်လည်း ထောက်ပြမှုတွေ ရထားပါတယ်။

ဆိုဘိုမပါနိုင်တဲ့ ယူနိုက်တက်ပွဲအတွင်း ဂျုံးရဲ့ ခြေစွမ်းကို တစ်မြို့တည်းသား ကာရေဂါက မှတ်ချက်ပေးရာမှာ “ ကာတစ်ဂျုံးက အတော်လေး ညံ့ဖျင်းခဲ့တယ်။ ကာတစ်ဂျုံးရဲ့ ကစားသမားဘဝမှာ သူ အမြဲ ဝေဖန်ခံရလေ့ရှိတာက သူဟာ ဘောလုံးကို အရမ်းကြာကြာ ကိုင်ကစားလွန်းတာပါပဲ။

သူ့မှာ ကစားသမားတစ်ဦး ရှိရမယ့် ယုံကြည်မှုထက်သန်ခြင်းမျိုး ရှိပါတယ်။ ဒါပေမယ့် သူက နှစ်ချက်ထိ၊ အမြန်ရွှေ့တာမျိုးနဲ့ ဖိအားပေးခြင်းတွေကို ကစားရာမှာ ပိုကောင်းတဲ့သူပါ။

ကာတစ်ဂျုံးဟာ ပြိုင်ဘက်ကစားသမားတွေကို ကျော်ဖြတ်တာတွေ၊ သေသပ်တဲ့ပေးချက်တွေကို စူပါစတားတစ်ဦးလို လုပ်နိုင်တဲ့သူ မဟုတ်ဘူး။ သူက ခပ်မြန်မြန် ရွှေ့လျားပြီး မနားတန်း ဖိအားပေးရာမှာ ထူးချွန်တဲ့သူမျိုး။

သူ ဘောလုံးကို ခြေထောက်ထဲ ကြာကြာ ကိုင်ထားလိုက်တာက သူ့ကို ယုံကြည်မှု ထက်သန်စေတဲ့သူ မဖြစ်စေဘဲ ဘဝင်လေဟပ်တဲ့သူတစ်ယောက် ဖြစ်သွားစေတယ်။

ဘောလုံးတွေကို အစောကြီး ဆုံးရှုံးတယ်။ ယူနိုက်တက်ပွဲမှာဆိုရင် သူ အဲ့လို အနေအထားတွေ အများကြီး ရှိခဲ့တယ်။ သူက ကစားသမားကောင်းတစ်ယောက်ပါ ” လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလောင်းအဖြစ် ချီးကျူးမှုတွေကို သာယာလွန်းနေခဲ့ရာက အိမ်ကွင်းမှာ အနီးကပ်ပြိုင်ဘက်ရဲ့ ရုန်းအားကို မထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။