အသင်းကနေ ထွက်ခွာနိုင်ကြောင်း မော်တန်ဆို၊ အက်ဖ်အေ စတုတ္ထအဆင့် ပြိုင်ဘက်၊ ဖောရက်စ်ပွဲလွဲမယ့် ဒါဝင်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ လီဗာပူးအသင်းဟာ ဘရန့်ဖိုဒ့်ကို အနိုင်ကန်လာတဲ့ ချန်ပီယံရှစ်ကလပ် Plymouth Argyle အသင်းနဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။

အန်ဒိုက သူ့အသက် ၂၅ နှစ်ထိ ခံစစ်မှူးအဖြစ် ကစားခဲ့သူဖြစ်တာကြောင့် လီဗာပူးအတွက် ဗဟိုခံစစ်မှူးနေရာ ပြောင်းကစားပေးရလို့ ပြဿနာမရှိဘူးလို့ ထုတ်ပြောပါတယ်။

ကွင်းလယ်လူ တေလာမော်တန်က ဇန်နဝါရီမှာ လီဗာပူးကနေ ထွက်ခွာနိုင်ကြောင်း ထုတ်ပြောလာပါတယ်။ သူ့အတွက် ပေါင် သန်း ၂၀ ရမှ အသင်းဘက်က ထွက်ခွာခွင့်ပေးမှာ ဖြစ်ပါတယ်။

နည်းပြအဖွဲ့ကတော့ ကစားသမားအငှားချရေးဌာနအား ဂျေဒန်ဒန့်စ်ကို အငှားချမယ့်အစား အသင်းမှာ ဆက်ထိန်ထားရေး တောင်းဆိုတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

လီဗာပူးတာဝန်ရှိသူတွေဟာ စျေးကွက်ကနေ တိုက်စစ်မှူးသစ် ရှာနေဆဲဖြစ်ကာ ရေရှည်မှာ ဒါဝင် နူးညက်စ်နေရာ အစားထိုးရမယ်လို့ လက်ခံထားဟန်ရှိပါတယ်။

ဖောရက်စ်ပွဲမှာ ဒါဝင် အဝါ ၅ ကတ်ပြည့်လို့ ၁ ပွဲပယ်ခံရမှာဖြစ်ကာ အရန်လူစာရင်းမှာ ခီယေဆာ အစားထိုး ပါဝင်လာနိုင်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နာပိုလီ တိုက်စစ်သမား ကာဗာရာကို ယူရို သန်း ၈၀ တန်ကြေးရှိတဲ့ စာချုပ်ဖြင့် တရားဝင် ကမ်းလှမ်းမှု စတင်တော့မှာပါ။

ဂရိ wonderkid လေး Stefanos Tzimas ဟာလည်း အသင်းရဲ့ ကင်းထောက် စောင့်ကြည့်မှုထဲ ပါဝင်နေပါတယ်။

လီဗာပူးအသင်းဟာ ကိတ်ဂေါ်ဒန်နဲ့ ကယ်ဗင်ရမ်ဆေးတို့ နှစ်ဦးကို အငှားကနေ ပြန်ခေါ်ခဲ့ကာ ရမ်ဆေးကိုတော့ စကော့တလန်လိဂ်ထံ အငှားပြန်ချလိုက်ပါတယ်။

ဂယ်ရီနဗီးကတော့ အသားပဲအနာခံမယ် လီဗာပူးအသင်း ချန်ပီယံဖြစ်ပါစေ ဆုတောင်းမပေးနိုင်ပါဘူးလို့ WWE စတားဟောင်း Sheamus နဲ့ တွေ့ဆုံမှုမှာ ဆိုပါတယ်။