သတင်းကြီးလာတဲ့ အေးဂျက် ဘယ်အစွန်လူ၊ ဆိုဘိုကို ချီးကျူးပေးကြစမ်းပါ အာနယ် ဆလော့ တောင်းဆို၊ ဘုန်းမောက်နဲ့ အဝေးကွင်းပွဲနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ အပြီး ၁ ပွဲ လျော့ကစားထားတဲ့ လီဗာပူးအသင်းဟာ အာဆင်နယ်ကို ၆ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေဆဲဖြစ်ပါတယ်။

ပရိသတ်တွေဟာ ဆိုဘိုစလိုင်ကို သူရသင့်သလောက် အသိအမှတ် ပြုမှုတွေ မပေးကြသေးဘူးလို့ နည်းပြဆလော့က ပြောပါတယ်။ ဆိုဘိုရဲ့ လှုပ်အားနှုန်းဟာ အသင်းအတွက် အရမ်းကို အရေးပါကြောင်း သူက အသိပေးလာပါတယ်။

သွင်းဂိုးများရှင် ဂက်ပိုက အသင်းဟာ ရှေ့ဆက်လည်း အများကြီး အာရုံစိုက်နေပြီး ပိုတိုးတက်လာအောင် အားထုတ်နေတယ်လို့ ပွဲအပြီး ပြောဆိုပါတယ်။

ပရီးမီးယားလိဂ်သွင်းဂိုး ၁၇၆ ဂိုးထိ သွင်းယူနိုင်ပြီဖြစ်တဲ့ မိုဆာလာဟာ သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး တိုက်စစ်သမားများ စာရင်းမှာ အွန်နရီကို ကျော်တက်ပြီး အဆင့် ၇ နေရာကို တက်လှမ်းသွားပါတယ်။

ခီယေဆာနဲ့ ဂျေဒန်ဒန့်စ်တို့ဟာ လီဗာပူးအတွက် ပထမဆုံး ၈ ပွဲ ပါဝင်ကစားပေးထားရာမှာ ရာနှုန်းပြည့် နိုင်ပွဲရလဒ်ကို ရယူထားနိုင်ပါတယ်။

အန်ဒိုရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက လက်ဖျားခါလောက်တယ်လို့ နည်းပြဆလော့က ထုတ်ပြောလာခဲ့ပြီး အစ်ဝစ်ချ်ပွဲမှာ အထိနာခဲ့သေးတဲ့ ကွင်းလယ်လူဟာ ခေါင်းလေး တစ်ချက် နှစ်ချက် ယမ်းပြီး ပြန်ကစားပြသွားခြင်းကို နည်းပြက အံ့အားသင့်နေပါတယ်။

အေဂျက်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ဘယ်အစွန်လူ Jorrel Hato ဟာ အန်ဖီးကွင်းက လီဗာပူးနဲ့ အစ်ဝစ်ချ်ပွဲကို တက်ရောက် ကြည့်ရှုမှု လူပြောများနေပါတယ်။

လာမယ့်အပတ်မှာတော့ လီဗာပူးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းထဲ ပါနေပြီး ထိပ်ဆုံး ၄ နေရာကို ခြိမ်းခြောက်နေတဲ့ ဘုန်းမောက်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရပါမယ်။

သူ့ရဲ့ မန်စီးတီးကစားသမားဘဝ ပထမဆုံး ပွဲစဉ်အဖြစ် ကွန်မြူနတီဒိုင်းမှာ လီဗာပူးကို ရင်ဆိုင်ကစားခဲ့တုန်းက စိတ်ထဲ တုန်လှုပ်နေမိကြောင်းကို ချယ်ဆီးကို အနိုင်ရအပြီး အင်တာဗျူးမှာ ဟာလန်း ထည့်ပြောခဲ့ပါတယ်။