၂ နှစ်ဆက် ဖိုင်နယ်တက်ခြင်း၊ ဂုဏ်မောက်စရာ အကြောင်းမရှိဘူးဆိုတဲ့ ဗန်ဒိုက်၊ ခန့်မှန်း မှားခဲ့ပြန်တဲ့ ဂယ်ရီနဗီး၊ ရစ်ချက်ဟုချ်ကို ခွင့်လွှတ်ပေးနေကြသူများနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

စပါးကို အနိုင်ရခဲ့တဲ့ လီဗာပူးအသင်းဟာ မတ်လ ၁၆ ရက်နေ့ ဝင်ဘာလေမှာ နယူးကာဆယ်အသင်းနဲ့ ကာရာဘောင်းဖလား လုရမှာဖြစ်ပါတယ်။ ဒါဟာ အသင်းအတွက် ၄ နှစ်အတွင်း လိဂ်ဖလား ဖိုင်နယ်ကို ၃ ကြိမ် တက်ရောက်ခြင်း ဖြစ်လာပါတယ်။

စပါးကို ၄-၀ ဖြင့် နိုင်တဲ့ပွဲမှာ ဒါဝင်ဟာ သွင်းဂိုး မရခဲ့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်က အတော်လေး ကောင်းမွန်ခဲ့ခြင်းအတွက် အသိအမှတ်ပြု ခံနေရပါတယ်။

ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဂက်ပို ရရှိပါတယ်။ ဂက်ပိုဟာ ကာရာဘောင်းဖလားမှာ ၅ ပွဲကစား ၅ ဂိုး သွင်းယူထားပါတယ်။

ဒီပွဲမတိုင်ခင်တုန်းက ဖိုင်နယ်ကို ရောက်မယ့် အသင်းဟာ စပါးပဲဖြစ်လိမ့်မယ်လို့ ဂယ်ရီနဗီးက ခန့်မှန်းထားပါတယ်။ ရလဒ်ကိုတော့ သူ စိတ်ဆင်းရဲနေလောက်ပါပြီ။

ခံစစ်မှူး ဗန်ဒိုက်က အနာဂတ်ကိစ္စတွေကိုလည်း သူလည်း မသိသေးပါဘူးလို့ ပြောပါတယ်။ သူ့ရဲ့ အနာဂတ်အကြောင်း ဖော်ပြမှုတွေ ရှိနေပေမယ့် အဲ့လူတွေက လက်တွေ့ဖြစ်နေတဲ့ အကြောင်းကိစ္စတွေအား လုံးဝ မသိကြသူတွေလို့ သူက ပြောပါတယ်။

လိဂ်ဖလားသမိုင်းမှာတော့ လီဗာပူးအသင်းဟာ ဖိုင်နယ်ကို အကြိမ် အများဆုံး တက်ရောက်နိုင်တဲ့အသင်းအဖြစ် ၁၅ ကြိမ်နဲ့ စံချိန်တင်သွားပါပြီ။

အခုမှ ဖေဖော်ဝါရီလပဲ ရောက်နေသေးတာဖြစ်ပြီး ဖလားစုံ ပြိုင်ဆိုင်မှုမှာ အသင်း ဝင်ရောက် ပါဝင်နေဆဲဖြစ်ပေမယ့် ဂုဏ်မောက်နေစရာ ဘာအကြောင်းမှ မရှိဘူးလို့ ဗန်ဒိုက်က သတိပေးပါတယ်။

ဖိုင်နယ် ရောက်သွားတာ ပျော်ရွှင်သလို အသင်းဟာ လုပ်ရမယ့် ကိစ္စလေးတွေ ရှိနေပါတယ်လို့ အာနယ် ဆလော့က ပြောပါတယ်။ အသင်းသားတွေက ဖိုင်နယ်တွေ ကစားနေကျ အတွေ့အကြုံ ရှိသူတွေလို့လည်း ချီးကျူးခဲ့ပါတယ်။

လီဗာပူးပရိသတ် အချို့က ရစ်ချက်ဟုချ်ဟာ အသင်းအတွက် လုပ်ပြပေးရမှာတွေ အများကြီး ရှိနေသေးပေမယ့် အာနယ် ဆလော့ကို ရှာတွေ့ခဲ့တာအတွက်နဲ့တင် သူ့ကို အချိန်ပေးလိုက်ပါမယ်လို့ ဆိုကြပါတယ်။

လူငယ် ညာအစွန်လူ ဘရတ်ဒလေဟာ ကမ္ဘာကြီးကို သူ့ခြေဖျားပေါ် တင်ထားသလိုကို ကျွမ်းကျင် ပိုင်နိုင်စွာ ကစားပြခဲ့သူလို့ ဂျင်မီရက်နက်က ချီးကျူးလိုက်ပါတယ်။

အမ်ဘာပေရဲ့ ညီဖြစ်သူကို လီဗာပူးဂျာစီနဲ့ မြင်ရခြင်းအတွက် လူမှုကွန်ယက်တွေမှာ ပွဲကျနေပါတယ်။ ဘာပေတို့ရဲ့ မိခင်ဟာ လီဗာပူးပရိသတ် ဖြစ်ပါတယ်။