ရစ်ချက်ဟုချ်နဲ့ အေးဂျင့်တို့ တွေ့ဆုံခြင်း၊ ချန်ပီယံရှစ်က စိန်တုံးလေး၊ ရီယိုကို ချန်ပီယံလိဂ် လူစာရင်းထဲ ထည့်သွင်းခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူး အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်နဲ့ ဗန်ဒိုက်ရဲ့ အေးဂျင့်တို့ကို စပါးပွဲအတွင်း ဒါရိုက်တာ ခုံတန်းမှာ ခုံချင်းကပ်လျက် အတူတွဲမြင်နေရပါတယ်။

သူတို့နှစ်ဦးဟာ ဗန်ဒိုက်ရဲ့ စာချုပ်ကိစ္စ ဆွေးနွေး စကားပြောမှုတွေ ပြုလုပ်ခဲ့ကြပြီး ကောင်းမွန်တဲ့ တွေ့ဆုံမှုဖြစ်ခဲ့တယ်လို့ အသံထွက်နေပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပြိုင်ပွဲအတွက် လူငယ်တိုက်စစ်သမား ရီယိုကို နာမည်စာရင်း ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

ဒါဝင်က အဆုံးသတ်ပိုင်း အတော်လေး ညံ့ပေမယ့်လို့ ခံစစ်ကို ကူညီနိုင်စွမ်းနဲ့ ဖိအားပေးနိုင်စွမ်းတွေဟာ ထိပ်တန်း တိုက်စစ်မှူးတစ်ဦးရဲ့ လုပ်ပြနိုင်စွမ်းအဖြင့် ထောက်ခံခြင်း ခံနေရပြန်ပါတယ်။

လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်းမှ ဆက်ကို၊ ဇာဗီ ဆိုင်မွန်အပြင် ဘွန်ဒက်လီဂါ ကစားသမား အများအပြားကို စောင့်ကြည့်နေဆဲပါ။ မှန်ကန်တဲ့ အခွင့်အရေးဆိုရင် ဆိုဘိုစလိုင်ကို ခေါ်ယူတုန်းကလို လျှပ်တပျက် ချိတ်ဆက်မှုဖြစ်လာနိုင်ပါတယ်။

ဗန်ဒိုက်ဟာ လျှင်မြန်နှုန်း ကျလာနေပေမယ့် ပိုပြီး ပြီးပြည့်စုံတဲ့ ခံစစ်ခေါင်းဆောင်အဖြစ် တိုးတက်လာနေဆဲဖြစ်တာမို့ အနည်းဆုံး နောက်ထပ် ၂ နှစ်တော့ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ဦးမယ်လို့ သုံးသပ်လာနေပါတယ်။

ထရန့်ဟာ အဲဗာတန်ပွဲမှာလည်း ပါဝင်နိုင်မယ်လို့ မသေချာသေးပါဘူး။ သူ့ဒဏ်ရာဟာ မပြင်းထန်ပေမယ့်လို့ ဂရုစိုက်ပေးဖို့ လိုအပ်နေပါတယ်။

ကွင်းလယ်လူ မော်တန်ဟာ ပုခုံး ဒဏ်ရာ ရထားတာမို့ အက်ဖ်အေပွဲမှာ ပါနိုင်ဖို့ မရှိသလို တလဝန်းကျင် အနားယူရပါလိမ့်မယ်။

အန်ဒို၊ ဟာဗေး၊ ခီယေဆာနဲ့ ဂိုးမက်စ်တို့လို ပွဲကစားခွင့် နည်းပါးထားတဲ့ အသင်းသားတွေကို အက်ဖ်အေပွဲမှာ နေရာပေးနိုင်ကြောင်း နည်းပြက အရိပ်အမြွက် ထုတ်ပြောလာပါတယ်။

မက်ဒယ်ဘရော့မှာ ဗန်ဒုတ်ရဲ့ တောက်ပနေမှုကို လီဗာပူးအကြီးအကဲဖြစ်တဲ့ မိုက်ကယ် အတ်ဝပ်က အတော်လေး ကျေနပ်နေပါတယ်။ ဗန်ဒုတ်ဟာ ဒီရာသီ ၂၄ ပွဲ ကစားထားပြီး ကိုယ်တိုင် ၃ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၇ ကြိမ် လုပ်ပေးထားပါတယ်။