

လူငယ်နှစ်ဦးဖြစ်တဲ့ ရီယိုနဲ့ နိုင်ယွန်နီတို့ကို လူငယ်အသင်းပွဲတွေကနေ ဖယ်ထုတ်ခဲ့ပါတယ်။ ဒါဟာ ဒီကနေ့ အက်ဖ်အေပွဲမှာ ထုတ်သုံးလိုတာကြောင့်လို့ နားလည်ရပါတယ်။
ကွင်းလယ်လူ မော်တန် ပုခုံး ဒဏ်ရာကြောင့် လနဲ့ချီ အနားယူရမှာဖြစ်ကာ မက်ကော်နယ်က သူ့အစား စီနီယာအသင်းနဲ့အတူ အက်ဖ်အေပွဲမှာ ပါဝင်လာမှာဖြစ်ပါတယ်။
ညာအစွန်လူ ဘရတ်ဒလေက သူ့ရဲ့ ကစားသမားဘဝ တစ်ခုလုံးကို လီဗာပူးအတွက် ကစားပေးရမယ်ဆိုရင်လည်း ကျေနပ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။
နည်းပြ အာနယ် ဆလော့ဟာ ဒီယက်ဇ်၊ ဂျိုတာနဲ့ ဒါဝင် တို့ ၃ ဦးရဲ့ တိုးတက်မှုကို သဘောမတွေ့တာကြောင့် နွေမှာ ထုတ်ရောင်းနိုင်တယ်လို့ အသံထွက်ပါတယ်။
ဒီနွေမှာ လီဗာပူးအသင်းဟာ တိုက်စစ်ကို အသစ်ပြန်ဖွဲ့မယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပြီး နံပါတ် ၉ သမားနေရာကို အထူး ဂရုစိုက် ရှာဖွေနေပါတယ်။
ချယ်ဆီးအသင်းဟာ လီဗာပူးဂိုးသမား ကလယ်ဟာကို သဘောကျနေပြီး နွေမှာ ကမ်းလှမ်းမှု ဝင်ဖို့ စဉ်းစားနေပါတယ်။ ၎င်းတို့ဟာ ဘယ်တောင်ပံသမား ဒီယက်ဇ်ကိုလည်း သဘောတွေ့နေတာပါ။
မိုင်ကယ်အိုဝင်က အဂွယ်ရိုက သူ့စတိုင်နဲ့ အနီးစပ်ဆုံးဖြစ်ပြီး မော်ဒန်ခေတ် တိုက်စစ်သမားတွေထဲမှာ သူ့စတိုင် ကစားတဲ့သူမျိုး မတွေ့မိဘူးလို့ ပြောပါတယ်။ ဒီနေ့ခေတ်မှာ တိုက်စစ်သမားဖြစ်ခဲ့ရင် သူ့အနေနဲ့ အံဝင်အောင် ကစားနိုင်မှာ မဟုတ်ဘူးလို့လည်း မှတ်ချက်ပေးပါတယ်။
လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကင်မစ်နဲ့ စကားပြောမှုရှိတယ်လို့ အပြောင်းအရွှေ့ သတင်းထောက်တွေက ဆိုပါတယ်။ အခုချိန်ထိတော့ အင်္ဂလန်ဘက်မှာ အဲ့လိုသတင်းတွေ ဖော်ပြလာတာ မမြင်ရသေးပါဘူး။
နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားမယ့် ကာရာဘောင်းဖလား ဖိုင်နယ်ပွဲကို တက်ရောက်ဖို့ လီဗာပူးအသင်းက နည်းပြကလော့ပ်ကို ဖိတ်ကြားခဲ့ပြီး ဂျာမာန်သားကြီးကလည်း သူ မစောင့်နိုင်အောင်ဘဲလို့ ထုတ်ပြောလာပါတယ်။
နည်းပြ အာနယ်ဆလော့ ကိုယ်တိုင်ကတော့ စပါးပွဲအပြီးမှာ အသင်းဟာ နံပါတ် ၉ နေရာအတွက် ဒါဝင်ကို ပိုပြီး အသုံးချနိုင်စွမ်း ရှိလာနေပြီလို့ ထုတ်ပြောခဲ့ပါတယ်။
မန်စီးတီးဟာ ကုန်ခဲ့တဲ့ ၅ နှစ်အတွင်း အသာတင် အသုံးစရိတ်မှာ ကြီး ၆ ကြီးကလပ်တွေထဲ အနည်းဆုံးဖြစ်ကြောင်းနဲ့ လီဗာပူးထက်တောင် ပိုနည်းတယ်လို့ ဂွာဒီယိုလာက ပြောလာပါတယ်။