ဒီယက်ဇ်ကို ခေါ်လိုတဲ့ ဘာကာ၊ ဒါဝင်ကိစ္စ အလေးအနက် စကားပြောကြခြင်း၊ အဲဗာတန်ပွဲကြို လေ့ကျင့်ရေး ဝင်နေတဲ့ ထရန့်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ပလိုင်းမောက်ကို ရှုံးနိမ့်ခြင်းဟာ လက်ခံနိုင်စရာ မရှိသလို ရှုံးပွဲတစ်ပွဲကနေ အကောင်းမြင်စရာ ဘာမှမရှိဘူးဆိုပြီး အက်ဖ်အေကနေ ထွက်ရခြင်းဟာ စိတ်ပျက်စရာရလဒ်ပါလို့ အာနယ် ဆလော့က ဝန်ခံပါတယ်။

ဇန်နဝါရီလရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဂက်ပိုက ရရှိပါတယ်။ နယ်သာလန်သားကတော့ ဆာလာထံက ဆုတစ်ခု လုယူခဲ့ပြီလို့ စနောက်သွားပါတယ်။

ကွင်းလယ်လူ ကာတစ်ဂျုံးဟာ အဲဗာတန်ပွဲမှာ ပါဝင်နိုင်ဖို့ ကြံ့ခိုင်မှု ပြည့်နေပြီး ဂိုးမက်စ် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ လေ့ကျင့်ရေး ပြန်ဝင်နေတဲ့ ထရန့်ကတော့ အရန်လူစာရင်းကပဲ ပါဝင်ဖွယ် ရှိနေဆဲပါ။

ဘာစီလိုနာအသင်းဟာ တိုက်စစ်သမား လူးဝစ် ဒီယက်ဇ်ကို စိတ်ဝင်စားနေဆဲဖြစ်ကာ လီဗာပူးအသင်းဘက်က ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ကို တောင်းဆိုနိုင်ပါတယ်။

ဆော်ဒီပရိုလိဂ်ကလပ် Al-Nassr အသင်းဘက်က ဒါဝင် နူးညက်စ်ကို အလေးအနက် စိတ်ဝင်စားနေခြင်း ဖြစ်တာမို့ ဒီနွေမှာ အပြောင်းအရွှေ့ ဖြစ်လာနိုင်ဖွယ် ရှိနေဆဲပါ။

Al-Nassr အသင်းဘက်က ဒါဝင်အတွက် ကမ်းလှမ်းမှု ၂ ခု ပေးပို့ခဲ့တာဖြစ်ပြီး ယူရို ၈၅ သန်းထိ ရောက်ခဲ့ပါတယ်။ ဇန်နဝါရီမှာ အစားထိုးစရာ မရှိခြင်း၊ အာနယ် ဆလော့ရဲ့ လူစာရင်း တည်ငြိမ်မှုတွေကို ဆက်ထိန်းပေးလိုခြင်းတွေကြောင့် ရာသီဝက်မှာ ရောင်းထုတ်ရေးကို လီဗာပူးဘက်က ပယ်ချခဲ့ပါတယ်။

လီဗာပူး ယူ-၁၉ အသင်းဟာ စတုဂတ် ယူ-၁၉ အသင်းကို ပင်နယ်တီဖြင့် အရေးနိမ့်ပြီး လူငယ် ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။

လီဗာပူးသမိုင်းမှာ အကောင်းဆုံး ကစားသမားကို ရွေးချယ်ခိုင်းရာမှာ အာနယ် ဆလော့က ” စမတ်အကျဆုံး ရွေးချယ်မှုဆိုရင် ကာရေဂါဖြစ်မှာပါ (ရယ်လျက်) ။ ချွန်ထွက်နေတဲ့ တစ်ယောက်ကတော့ စတီဗင် ဂျရတ်ပေါ့ ” လို့ ဟာသဖောက်ခဲ့ပါတယ်။