အက်စတွန်ဗီလာပွဲမှာ အပြိုင်ညံ့ခဲ့ကြသူ ၂ ဦး၊ မန်စီးတီးပွဲလွဲမယ့် ဘရတ်ဒလေ၊ တိုက်စစ်သမား ၂ ဦး ကစားကွက်ကို သုံးရခြင်း အကြောင်းရင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၂-၂ သရေကျတာကြောင့်
ဒုတိယနေရာက အာဆင်နယ်ထက် ၁ ပွဲပိုကစား ၈ မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ပါတယ်။

ဗီလာပွဲမှာ ထရန့်နဲ့ ဂျိုတာတို့ကို ၆၅ မိနစ်မှာတင် လူစားလဲခဲ့တာဟာ သူတို့နှစ်ဦးက ဒဏ်ရာကနေ ပြန်သက်သာလာစမို့ ပွဲချိန်ပြည့် သုံးမကောင်းသေးတာကြောင့်လို့ အာနည် ဆလော့က ပြောပါတယ်။

ဘရတ်ဒလေဟာ မန်စီးတီးပွဲကို သေချာပေါက် လွဲပြီဖြစ်ကာ နယူးကာဆယ်ပွဲ ပါနိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။

အသင်းခေါင်းဆောင် ဗန်ဒိုက်ကတော့ ဒီပွဲဟာ ၃-၂ ဖြစ်ရမှာဖြစ်သလို အသင်းက အနိုင်ဂိုး သွင်းနိုင်ခဲ့ရမှာပါလို့ ဆိုပါတယ်။ အခုချိန်မှာတော့ ပြီးခဲ့တာထက် မန်စီးတီးပွဲကိုပဲ အာရုံစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါဝင်ရဲ့ လွဲချော်မှုနဲ့ ပတ်သက်လို့ အာနယ် ဆလော့ ကိုယ်တိုင်ကတော့ တိုက်စစ်မှူးဟာ ဒီလို အခွင့်အရေးကို ၂ ကြိမ်တော့ လွဲမှာ မဟုတ်ဘဲ နောက်တစ်ကြိမ် ကောင်းမွန်တဲ့ ပေးချက်မျိုး ရခဲ့ရင် ဂိုးသွင်းလောက်တယ်လို့ ဆိုပါတယ်။

အက်စတွန်ဗီလာကို ရင်ဆိုင်ရာမှာ ဆာလာ၊ ဂျိုတာတို့ နှစ်ဦးပဲ တိုက်စစ်တင်လာခဲ့တာက ဒီယက်ဇ်ဟာ ၁ ပတ် ၃ ပွဲ ကစားပေးခဲ့ရင် ပွဲသိပ်ပန်းသွားနိုင်တာကြောင့်လို့ နည်းပြက ဆိုပါတယ်။

ကစားသမားဟောင်းကြီး ရော်ဘီ ဖောင်လာကတော့ ၇ ကိုက်လောက် အကွာက အပိုင် ပိတ်ရမှုကိုတောင် ဂရုမစိုက်စွာ ကန်သွင်းခဲ့တဲ့ ဒါဝင်ဟာ ပွဲကိုတောင် အာရုံစိုက်ရဲ့လား? စိုက်ဟန်မတူဘူးလို့ မေးခွန်းထုတ်လိုက်ပါတယ်။

ဒီတလောမှာ ဒါဝင် နူးညက်စ်ကို ပေးကစားတဲ့ ပွဲချိန်မိနစ်တွေအရ နည်းပြက ဥရုဂွေးသားကို ယုံကြည်မှု မရှိသလို ရာသီကုန်မှာ ရောင်းထုတ်ဖို့ စဉ်းစားထားခဲ့ပြီလို့ သုံးသပ်လာကြပါတယ်။

အက်စတွန်ဗီလာပွဲအတွင်း ဂရာဗင်ဘက်ချ်ရဲ့ ခြေစွမ်းဟာ ဆိုးရွားလွန်းကြောင်း ထောက်ပြမှုတွေ ထွက်ပေါ်နေပါတယ်။ ဂရာဗင်ဘက်ချ်ဟာ အဲဗာတန်၊ ဝုဗ်ပွဲတွေမှာလည်း တောက်လျှောက် ခြေစွမ်း ကျဆင်းလာနေပါတယ်။

ပီအက်စ်ဂျီနည်းပြ အင်းနရစ်က ” ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ လီဗာပူး ဒါမှမဟုတ် ဘာစီလိုနာတို့ထဲက တစ်သင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ်တဲ့လား။ ကျနော် တွေ့ချင်တဲ့ ပြိုင်ဘက်ရှိပါတယ်။ ဒါပေမယ့် ထုတ်မပြောပါဘူး ” လို့ ဆိုပါတယ်။