

ဒီရာသီ လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးထက် ပိုကောင်းတယ်လို့ သူ ဖြေမပေးနိုင်ဘူးလို့ ဂွာဒီယိုလာက ပြောပါတယ်။ ဒါဟာ မန်နေဂျာဟောင်းအပေါ် ထားရှိတဲ့ သူ့ရဲ့ လေးစားမှုကြောင့်ပဲ ဖြစ်ပါတယ်။
ဘယ်လိုအခြေအနေ ဖြစ်နေပါစေ စီးတီးဟာ စီးတီးပဲဖြစ်ပြီး သမိုင်းတစ်လျှောက် အကောင်းဆုံးဆိုတဲ့ နည်းပြနဲ့ ထိပ်တန်း ကစားသမားတွေ ရှိနေတဲ့ အသင်းဖြစ်ပါတယ်လို့ ဆာလာက ဆိုပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကို ပဲရစ်မှာ ယှဉ်ပြိုင်မှာဖြစ်ကာ ဒုတိယအကျော့ကိုတော့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားပါမယ်။
ချန်ပီယံလိဂ် ရှုံးထွက်မှာတော့ လီဗာပူးအသင်းဟာ ၁၆ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရင် ကွာတားအဆင့်မှာ အက်စတွန်ဗီလာ vs ကလပ်ဘရုဂျ်အတွဲက တက်လာမယ့် အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။
၁၆ သင်း ရှုံးထွက်နဲ့ ကွာတားအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရင် ဆီမီးဖိုင်နယ်မှာ လီဗာပူးအသင်း ထိပ်တိုက်တွေ့ရမှာက ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် အာဆင်နယ် ဖြစ်လာနိုင်ပါတယ်။
ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ နံပါတ် ၁ ရတဲ့ အသင်းရဲ့ ချန်ပီယံလမ်းကြောင်းကို မြင်ကြပြီးတဲ့နောက် ထိပ်ဆုံးရောက်တာကမှ ပိုခက်နေသေးတယ်ဆိုတဲ့ မှတ်ချက်တွေ များပြားနေပါတယ်။
အာနယ် ဆလော့နဲ့ ဆာလာတို့ဟာ နည်းပြဟောင်း ယာဂင်ကလော့ပ်နဲ့ အဆက်အသွယ် ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် ဆာလာကတော့ ပြီးခဲ့တဲ့ လတွေအတွင်း ကလော့ပ်နဲ့ စကားပြောတာဟာ လီဗာပူးမှာ နည်းပြကြီး ရှိစဉ်ကထက်တောင် ပိုများတယ်လို့ ဆိုပါတယ်။
အပြောင်းအရွှေ့ သတင်းထောက်တွေကတော့ လီဗာပူးက ဒါဝင် တင်မဟုတ်ဘဲ ဒီယက်ဇ်ကိုလည်း ရောင်းထုတ်မယ်လို့ ဆက်တိုက် ဖော်ပြနေဆဲပါ။
ဘယ်အစွန်လူဟောင်း ရစ်ဆေးကတော့ လီဗာပူးအသင်း နွေမှာ ခေါ်ယူအားဖြည့်သင့်သူဟာ နယူးကာဆယ် တိုက်စစ်မှူး အီဆက်ဖြစ်တယ်လို့ တိုက်တွန်းပါတယ်။
အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ သူ့မှာ အိုင်ဒီယာတွေရှိပေမယ့် မီဒီယာထက်ကနေ ဘယ်နေရာကို အားဖြည့်ချင်တယ်ဆိုပြီး ချပြတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ အာနယ် ဆလော့က ပြောပါတယ်။
လီဗာပူးအသင်းဟာ တောင်အမေရိကဘက်မှာ ဘရာဇီးနဲ့ အာဂျင်တီးနား ကြယ်ပွင့်တွေကို ကင်းထောက်နေတာ ၂ နှစ်ဝန်းကျင် ရှိနေပေမယ့် အခုချိန်ထိတော့ တစ်ဦးမှ ခေါ်ယူလာခြင်း မရှိသေးပါဘူး။