

လီဗာပူးအသင်းဟာ ကလပ်သမိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ စီးပွားရေးဆိုင်ရာ ပါတနာတွေနဲ့ လက်တွဲမှုကနေ ဝင်ငွေ ပေါင် သန်း ၃၀၀ ကျော်ရခဲ့ပါတယ်။
တစ်ရာသီလုံး ဝင်ငွေအားဖြင့် ပေါင် သန်း ၆၀၀ ကျော်ရပေမယ့် ချန်ပီယံလိဂ်ဝင်ငွေ ကျဆင်းမှု၊ ဆိုဘို၊ မာကာ၊ ဂရာဗင်ဘက်ချ်၊ အန်ဒိုတို့လို ကစားသမားခေါ်ယူရေး အသုံးစရိတ် ပေါင် သန်း ၁၅၀၊ ယာဂင်ကလော့ပ်တို့ နည်းပြအဖွဲ့အတွက် ပေးချေရတဲ့ ငွေကြေးတွေနဲ့အတူ ပေါင် ၅၇ သန်း အရှုံးပေါ်ကြောင်း ထုတ်ပြန်ပါတယ်။
မိုဆာလာဟာ သူ့နေအိမ် ခုံပေါ်တက်ပြီး ကြိုးတန်းချိတ်နေတဲ့ ပုံကို လူမှုကွန်ယက်မှာ တင်ခဲ့ပြီး ခံစစ်မှူး အီဘူးကတော့ ” ဘရို.. ဂရုစိုက်ပါဦးဗျာ” လို့ စိတ်ပူစွာ ဝင်မန့်ခဲ့ပါတယ်။
ဂျပန်ကွင်းလယ်လူ အန်ဒိုရဲ့ အသင်းလိုအပ်ချိန်တိုင်း ဘယ်အချိန်မဆို အမြဲတမ်း အဆင်သင့်ဖြစ်ပေးခြင်းအပေါ် အရမ်းကို အသိအမှတ်ပြုပါတယ်လို့ နည်းပြအာနယ် ဆလော့က ဆိုပါတယ်။
ယာဂင်ကလော့ပ်ရဲ့ Doubters to believers စီးရီးရဲ့ ပထမဆုံး ၄ ပိုင်းကို Prime က စတင် ထုတ်လွှင့်ခဲ့ပြီဖြစ်ပါတယ်။
ယာဂင်ကလော့ပ်ကို ဝေဖန်ချက် အွန်လိုင်းမှာ ထွက်ပေါ်ခဲ့သလို ဆေးသုံးမှုဖြင့်ပါ စစ်ဆေးခံနေရတဲ့ ဗြိတိန်ဒိုင်လူကြီး ကွန်တီဟာ ၂၀၂၆ ဇွန်လထိ ဒိုင်လုပ်ခွင့် ပိတ်ပင်ခံလိုက်ရပါပြီ။
ဒီရာသီ စွမ်းဆောင်ရည်အကောင်းဆုံး ထိပ်ဆုံး ၅ သင်းထဲမှာ ပါဝင်ထားတဲ့ လီဗာပူးနဲ့ ပီအက်စ်ဂျီတို့ လာမယ့် ချန်ပီယံလိဂ် သီတင်းပတ်မှာ ထိပ်တိုက်တွေ့ကြပါပြီ။
လီဗာပူးအသင်းဟာ ဒီရာသီ တစ်ခုလုံး အဲဗာတန် ခံစစ်သမား ဘရန့်ဝိတ်ကို ဆက်တိုက် ကင်းထောက်ထားပါတယ်။
အာဆင်နယ် ကစားသမားဟောင်း အီရန်ရိုက်ကတော့ အီဆက်ဟာ အာဆင်နယ်ထက် အာနယ် ဆလော့ရှိရာ လီဗာပူးကိုပဲ ရွေးချယ်လိမ့်မယ်လို့ မြင်မိကြောင်း ပြောဆိုပါတယ်။
၂၀၂၂ နွေမှာတုန်းက လီဗာပူးအသင်းထံ ပြောင်းလာဖို့ အရမ်းကို နီးစပ်ခဲ့ပါတယ်လို့ ဘက်တစ်ကို အငှားထွက်နေတဲ့ တိုက်စစ်သမား အန်တိုနီက ထုတ်ပြောလာပါတယ်။