ထရန့်ကို ကာလတို စာချုပ်ပေးနိုင်ဖို့ မျှော်လင့်လာခြင်း၊ ချန်ပီယံလိဂ်မှာ ပွဲပယ်ခံရဖို့ နီးစပ်နေသူ ၄ ဦး၊ အာနယ် ဆလော့ကို စာချုပ်သစ်ပေးဖို့ ဆွေးနွေးခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းတာဝန်ရှိသူတွေဟာ ၂၀၂၇ မှာ သက်တမ်းကုန်မယ့် အာနယ် ဆလော့ကို စာချုပ်သစ်ပေးဖို့ ကနဦး စကားပြောနေပါတယ်။ စာချုပ်သစ်မှာတော့ လုပ်ခနဲ့ ဆုကြေး ခံစားခွင့်တွေ ထပ်မံ တိုးပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးသော ဘောလုံးရာသီမှာတင် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ နည်းပြ ၄ ဦးပဲ ရှိထားပါတယ်။ ၎င်းတို့က အန်ဆယ်လော့တီ (ချယ်ဆီး)၊ ကွန်တီ (ချယ်ဆီး)၊ မော်ရင်ညို (ချယ်ဆီး)၊ ပယ်လီဂရီနီ (မန်စီးတီး) တို့ဖြစ်ပြီး ဒီရာသီမှာ ၅ ဦးမြောက် နည်းပြ ပေါ်ထွက်လာဖို့ နီးစပ်နေပါတယ်။

မိုဆာလာဟာ လီဗာပူးအသင်းမှာ ဆက်နေလိုတာကြောင့် အခြားသော ကလပ်တွေနဲ့ အကြို သဘောတူရေးကိစ္စ ဆွေးနွေးနေခြင်း မရှိပါဘူး။

ကိုနတေး၊ မာကာ၊ ရော်ဘတ်ဆန်နဲ့ ဟာဗေးတို့ဟာ ချန်ပီယံလိဂ်မှာ အဝါကတ် ထိရင် နောက်ပွဲပယ်ခံရမယ့် အခြေအနေပါ။ ချန်ပီယံလိဂ် အုပ်စုအဆင့်နဲ့ ၁၆ သင်းအဆင့်မှာ ရခဲ့တဲ့ အဝါကတ်တွေကိုတော့ ကွာတားဖိုင်နယ် အဆင့်ရောက်ရင် ပယ်ဖျက်ပေးသွားမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ထရန့်ကို ကာလရှည် မဟုတ်ရင်တောင် ၄ နှစ်ဝန်းကျင် စာချုပ်ဖြင့် ဆက်ထိန်းထားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

အက်ဖ်အေဖလားမှာ အနီကတ် ပြသခံခဲ့ရတဲ့ ဂေါ်ဒန်ဟာ လီဗာပူးနဲ့ ကာရာဘောင်းဖလား ဖိုင်နယ်ကို လွဲချော်သွားပါမယ်။

ဂေါ်ဒန်ဟာ အသက် ၁၁ နှစ်အရွယ်မှာ လီဗာပူးအကယ်ဒမီကနေ ဖယ်ထုတ်ခံရတဲ့ သင်တန်းသားဟောင်းဖြစ်ပြီး မိသားစု တစ်ခုလုံး အဲဗာတန်သွေး တစ်စက်မှမပါတဲ့ လီဗာပူးအမာခံပရိသတ် စစ်စစ်တွေဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေနဲ့ ပီအက်စ်ဂျီပရိသတ်တွေဟာ တစ်တော့နဲ့ အင်စတာဂရမ်တို့မှာ အပြန်အလှန် စိန်ခေါ်တဲ့ အားကစားဆိုင်ရာ ဗီဒီယိုတွေကို အပြိုင်အဆိုင် ဖော်ပြနေပါတယ်။

အက်ဖ်အေဖလားကနေ ယူနိုက်တက် ထွက်ခွာသွားရတာကြောင့် လီဗာပူးအသင်းဟာ အင်္ဂလန်ရဲ့ ဆုဖလား အောင်မြင်မှု အများဆုံးနေရာကို ဆက်လက် ထိန်းသိမ်းသွားနိုင်ပြီဖြစ်ပါတယ်။