

အာဆင်နယ်ကို သရေကစားပြီးနောက် ပဲလေစ့်အသင်း တွစ်တာအကောင့်ဟာ လီဗာပူးကို အဆင်ပြေလားလို့ ပိုစ့်တင်သွားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ စပါးနဲ့ပွဲကို သရေကျတာနဲ့တင် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာပါလိမ့်မယ်။
ဘယ်အစွန်လူ မီလိုစ့်ကာ့ဇ်ကို ခေါ်ယူရေးမှာ လီဗာပူးက ရေပန်းစားပေမယ့် အခုချိန်ထိ တိုးတက်တဲ့ အဆင့်မျိုးကို မရောက်သေးပါဘူး။
ဘုန်းမောက်ခံစစ်မှူး Dean Huijsen ကို ခေါ်ယူရေး ပရီးမီးယားလိဂ်ကလပ်တွေ အပြိုင် ကြိုးစားနေပြီး လီဗာပူးဘက်က သိသိသာသာ အားထုတ်မှုတွေ ရှိလာတယ်လို့ ဗြိတိန်သတင်းထောက်တွေက ဆိုပါတယ်။
လီဗာပူးတာဝန်ရှိသူတွေက တိုက်စစ်မှူးနဲ့ ကွင်းလယ်လူသစ် တစ်ဦးတို့ကို ခေါ်ယူလိုနေကာ ဒါဝင်ကို ကမ်းလှမ်းလာမယ့် အသင်းတွေအားလည်း လမ်းဖွင့်ပေးထားပါတယ်။
လက်စတာပွဲအပြီးမှာ အနိုင်ဂိုးရှင် ထရန့်နဲ့ ဓါတ်ပုံတွဲမရိုက်ခဲ့တဲ့ မိုဆာလာဟာ နောက်ပိုင်းမှာ အတူတွဲရိုက်တဲ့ပုံကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။
ညာအစွန်လူထရန့်နဲ့ ရီးရဲလ်မက်ဒရစ်ကြား စကားပြောမှုဟာ နောက်ဆုံးအဆင့်ကို ရောက်နေတယ်ဆိုပေမယ့် အခုချိန်ထိတော့ သဘောတူညီမှု အပြီးမသတ်သေးပါဘူး။ လီဗာပူးဘက်က အားထုတ်မှု ရှိနိုင်သေးကြောင်း သတင်းထောက် အချို့က မှန်းဆနေပါတယ်။
နောက်နှစ်နွေမှာ စာချုပ်ကုန်မယ့် ကိုနတေးဟာ လီဗာပူးအသင်းနဲ့ သက်တမ်းတိုး စကားပြောဆိုမှု ရပ်တန့်နေပါတယ်။
ဘုန်းမောက်အသင်းဟာ လီဗာပူးအသင်းမှ ကလယ်ဟာ၊ ဟာဗေး၊ ဗန်ဒုတ်တို့ ၃ ဦးကို ခေါ်ယူလိုရိပ် ပြသနေပါတယ်။
မန်စီးတီးကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ဒီဘရိုင်းကို ခေါ်ယူဖို့ အက်စတွန်ဗီလာဘက်က လှုပ်ရှားမှုတွေ ရှိနေပါပြီ။