

ဆော်ဒီကလပ်တွေရဲ့ များပြားတဲ့ ငွေကြေးတွေဖြင့် ချိတ်ဆက်မှုကို ငြင်းဆန်ပြီး လီဗာပူးမှာပဲ နောက်တစ်ရာသီ ဆက်နေဖို့ အယ်လီဆန်ဘက်က ဆန္ဒ ရှိနေပါတယ်။
လီဗာပူးအသင်းဟာ တိုက်စစ်မှူး၊ ဘယ်ခြမ်းခံစစ်၊ ကွင်းလယ်ခံစစ်နဲ့ ညာအစွန်နေရာတွေကို အားဖြည့်ဖို့ လိုအပ်နေပါတယ်။ အဲ့ထဲကမှ တိုက်စစ်မှူးနဲ့ ဘယ်ခြမ်းခံစစ် လူသစ်ရဖို့ကို ဦးစားပေးအဖြစ် ရည်မှန်းထားပါတယ်။
တိုက်စစ်မှူး နေရာအတွက် လီဗာပူး သဘောကျနေတဲ့ ကစားသမား ၅ ဦးရှိတယ်လို့ စကိုင်းစပေါ့က ဖော်ပြပြီး အဲ့ထဲမှာ တန်ကြေးအကြီးဆုံးဟာ နယူးကာဆယ်မှ ဆက်ကိုဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား ရိုဒရီဂိုဟာ ဒီနွေမှာ မက်ဒရစ်ကနေ ထွက်ခွာတော့မှာပါ။ မိုက်ကယ်အတ်ဝပ်ဟာ သူ့ကို အတော်လေး သဘောကျသူဖြစ်ပြီး ၂ ကြိမ်လောက်ထိ ချိတ်ဆက်ဖူးပါတယ်။
လီဗာပူးအသင်းဟာ ညာအစွန်နေရာအတွက် စောင့်ကြည့်မှုတွေ ဆက်တိုက် လုပ်နေပြီး နော်တင်ဟမ် ဖောရက်စ်အသင်းမှ Ola Aina ကိုလည်း သဘာကျလာနေပါတယ်။
အက်စတွန်ဗီလာအသင်း ချန်ပီယံလိဂ် မဝင်ခဲ့ဘူးဆိုရင် မော်ဂန် ရော်ဂျာကို ခေါ်ယူခွင့်ရနိုင်မလား အခြေအနေကို လီဗာပူးဘက်က စုံစမ်းနေပါတယ်။
ဘာ့ဆဲတစ်ဟာ အနည်းဆုံး ရာသီကြိုမှာ သူ့ရဲ့ လုပ်နိုင်စွမ်းတွေကို ပြသဖို့ အခွင့်အရေးရမယ်လို့ သိရပါတယ်။ အသင်းဘက်က သူ့ကို ရေရှည်ပလန်အတွက် ထည့်တွက်ထားပါတယ်။
တိုက်စစ်သမား ၃ ဦး အပါအဝင် ဒီနွေမှာ အသင်းဟာ ကစားသမား ၈ ဦးကို ရောင်းထုတ်ဖို့ လျာထားပါတယ်။ ရစ်ချက်ဟုချ်အနေနဲ့ ကစားသမားတွေအတွက် မှန်ကန်တဲ့ စျေးနှုန်းနဲ့ကမ်းလှမ်းမယ့် ကလပ်တွေကို ရှာဖွေပေးရမှာဖြစ်ပါတယ်။
ဂိုးသမား ကလယ်ဟာ ဟာ ပုံမှန်ပွဲထွက်ခွင့်အတွက် အသင်းပြောင်းမှာဖြစ်ကာ ချယ်ဆီးထက်စာရင် ဘုန်းမောက်ကို ရောက်သွားဖို့ ပိုမို အခွင့်အလမ်း များနေပါတယ်။