ချန်ပီယံတံဆိပ်ရမယ့် ခီယေဆာ၊ ဆက်ကိုအား သွားရောက် ကင်းထောက်ခြင်း၊ FSG လက်ထက် ၁၀ ဆကျော် စျေးတက်ခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းအတွက် လန်းဆန်းတဲ့ ခွန်အားသစ်တွေကို အပြင်ကနေ အသင်းတွင်း ထည့်သွင်းလာဖို့ လိုအပ်တယ်ဆိုပြီး အာနယ် ဆလော့က နွေမှာ လူသစ် ခေါ်ယူရေး ထုတ်ပြောလာပါတယ်။

ချယ်ဆီးပွဲမှာ လူစားဝင်ခွင့်ရခြင်းကြောင့် တိုက်စစ်သမား ခီယေဆာဟာ ပရီးမီးယားလိဂ် ဆုတံဆိပ် ရရှိနိုင်မယ့် ပွဲအရေအတွက် ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

ဟာဗေး၊ ဂျုံး၊ အန်ဒို၊ ကွမ်းဆက်တို့ဟာ လာမယ့်ပွဲတွေမှာလည်း ပွဲကစားခွင့် ထပ်ရဖွယ်ရှိနေကာ ၎င်းတို့ တွဲဘက်မှုထံကနေ ဘယ်လို အလားအလာ မြင်ရဦးမလဲ နည်းပြအဖွဲ့က သုံးသပ်သွားမှာဖြစ်ပါတယ်။

ချယ်ဆီးကို ရှုံးနိမ့်တဲ့ပွဲမှာ အသင်းရဲ့ ကစားဟန်ဟာ ကောင်းမနေကြောင်းနဲ့ ခံစစ်ကို ပိုကောင်းကောင်း ကာကွယ်မှုတွေ လုပ်နိုင်ခဲ့သင့်ကြောင်း ဗန်ဒိုက်က ဝန်ခံပါတယ်။

နည်းပြအဖွဲ့ဟာ ကစားသမားတွေရဲ့ ပွဲနေ့ စွမ်းဆောင်ရည်တွေတင် မဟုတ်ဘဲ လေ့ကျင့်ရေးက အားထုတ်မှုတွေကိုလည်း အကဲဖြတ်ပါကြောင်း အာနယ် ဆလော့က ဆိုပါတယ်။

ချယ်ဆီးကို ၃-၁ ဖြင့် ရှုံးနိမ့်အပြီး အဝေးကွင်းပရိသတ်တွေကို သွားနှုတ်ဆက်တဲ့ လီဗာပူးကစားသမားတွေဟာ ပရိသတ်တွေနဲ့အတူ ချန်ပီယံနောက်တစ်ကြိမ် ထပ်ဖြစ်ခြင်းကို အောင်ပွဲခံခဲ့ကြပါတယ်။

https://x.com/JamesPearceLFC/status/1919086390874186175

လိုက်ဇစ်နဲ့ ဘိုင်ယန်မြူးနစ်ပွဲကို လီဗာပူးကင်းထောက်တွေ တက်ရောက်ကြည့်ရှုခဲ့ပြီး တိုက်စစ်မှူး ဆက်ကိုအား အထူးပြု စောင့်ကြည့်ခဲ့တာလို့ ဂျာမာန်သတင်းတွေက ဆိုပါတယ်။

ကွင်းလယ်လူ မာကာဟာ ဘောလုံးဉာဏ် သိပ်ကောင်းပြီး ဘောလုံးကို ကောင်းကောင်းကိုင်ကစားနိုင်သူအဖြစ် အာနယ် ဆလော့က ချီးကျူးပါတယ်။ မာကာဟာ လာလီဂါထံ ပြောင်းမယ် အသံထွက်နေပေမယ့် အသင်းကော ကစားသမားကပါ ရေရှည်လက်တွဲဖို့ စိတ်အားထက်သန်နေကြဆဲဖြစ်ပါတယ်။

FSG လက်ထက် ၁၅ နှစ်ကြာအပြီးမှာ လီဗာပူးရဲ့ တန်ကြေးဟာ အမေရိကန်ပိုင်ရှင်တွေ ဝယ်ယူစဉ်ကထက် ၁၀ ဆကျော် စျေးတက်သွားပြီး အမေရိကန်ဒေါ်လာ ၆ ဘီလျံ တန်ကြေးရှိနေပြီဖြစ်ပါတယ်။