

ဂိုးသမား ကလယ်ဟာကို ပေါင် ၁၈ သန်းဖြင့် ဘရန့်ဖိုဒ့်အသင်းထံ ပြောင်းခွင့်ပေးဖို့ လီဗာပူးဘက်က သဘောတူညီထားပြီဖြစ်ပါတယ်။
အာနယ် ဆလော့ လက်ထက်မှာ လီဗာပူးအသင်းရဲ့ ဒဏ်ရာ ပြဿနာဟာ ၆၄% ထိ လျော့ကျခဲ့ပြီး ဂရာဗင်ဘက်ချ်၊ ကိုနတေးတို့လို ကစားသမားတွေကို ရာသီရှည်ကြီး တောက်လျှောက် အသုံးပြုနိုင်ခဲ့ပါတယ်။
လီဗာပူးနဲ့ လေဗာကူဆင်ကြားမှာ ပြောင်းရွှေ့ကြေးကိစ္စတွေ ဆက်လက် ညိနှိုင်းနေဆဲဖြစ်ကာ ကစားသမားကတော့ သူ အန်ဖီထံ ပြောင်းလိုကြောင်း ရှင်းရှင်းလင်းလင်း အသိပေးထားပါပြီ။
ဗစ်ရဲ့ အပြောင်းအရွှေ့မှာ လီဗာပူးဘက်က ကစားသမား ၁ ဦး အလိုက်ပေး ထည့်သွင်းမှာ မဟုတ်ဘဲ ကလပ် ၂ သင်းဟာ သီးခြား အပြောင်းအရွှေ့ကိစ္စအဖြစ်ပဲ ဆက်လက် စကားပြောကြမှာပါ။
ကွင်းလယ်လူ ဟာဗေးကတော့ လီဗာပူးကနေ ထွက်ခွာဖို့ ပြင်ဆင်ထားကာ ပရီးမီးယားလိဂ်ကလပ် တစ်သင်းသင်းထံပဲ ပြောင်းဖို့ ဦးစားပေးဖွယ် ရှိပါတယ်။
ဘုန်းမောက်ဘက်က ပေါင် ၄၅ သန်း ဝန်းကျင်ရလိုနေတဲ့ မီလိုစ့်ကာဇ့်ကို လီဗာပူးဘက်က ပေါင် သန်း ၄၀ ဝန်းကျင်ဖြင့် ချိတ်ဆက်ဖွယ် ရှိနေပါတယ်။
လာမယ့်ရာသီမှာ ဆိုဘိုဟာ အနောက်ကို ပြန်ဆင်းကစားရဖွယ် ရှိနေပြီး ဗစ်ကို နံပါတ် ၁၀ နေရာပေးရေးနဲ့ ဆာလာကို ခံစစ်ကူညီမှု လျော့ချရေးတွေအတွက် ကူညီပေးရဖွယ် ရှိပါတယ်။
ဒီယက်ဇ်ဟာ လီဗာပူးကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး အခုချိန်ထိတော့ အသင်းဘက်က တရားဝင် ကမ်းလှမ်းမှုရတဲ့ ကိစ္စမျိုး မကြားရသေးပါဘူး။