နယ်သာလန်ကစားသမားဟောင်းVan Bronckhorst ဟာ အာနယ် ဆလော့ရဲ့ လီဗာပူးနည်းပြအဖွဲ့ထဲ လာရောက် ပူးပေါင်းဖို့ နီးစပ်နေပါပြီ။
ခံစစ်မှူး အီဘူးဟာ နောက်ရာသီမှာလည်း ပရိသတ်တွေထံက အားပေးမှုတွေကို မျှော်လင့်နေကြောင်းနဲ့ ဆုဖလားတွေအတွက် တိုက်ခိုက်မယ်လို့ ထုတ်ပြောသွားပါတယ်။
အီဘူးဟာ လီဗာပူးနဲ့ စာချုပ် နောက်ဆုံးနှစ်ထဲ ရောက်နေပြီဖြစ်ကာ သက်တမ်းတိုးဖို့ စကားပြောနေတာပါ။
လီဗာပူးအသင်းဟာ လေဗာကူဆင်မှ ဗစ်၊ ဘုန်းမောက်မှ ကာကက်ဇ်တို့အတွက် ပြောင်းရွှေ့ကြေး စကားပြောနေပြီး နေ့စဉ် ညိနှိုင်းမှုတွေမှာ တိုးတက်မှုတွေရှိနေပါတယ်။
ဂျာမာန်သတင်းဌာနတွေကတော့ လီဗာပူးနဲ့ လေဗာကူဆင်တို့ဟာ ဒေသတွင်းသတင်းဌာနတွေက တစ်ဆင့် ဗစ်ရဲ့ ပြောင်းရွှေ့ကြေးအတွက် သူတို့ ရည်ရွယ်တဲ့စျေးနှုန်းတွေကို အားစမ်းနေကြတယ်လို့ ဆိုပါတယ်။
အေတီကိုနည်းပြ ဆီမြွန်နီကတော့ သူ့အသင်း တိုက်စစ်မှူး အဲဗာရက်စ်ကို လီဗာပူး အပါအဝင် ကလပ် ၄ သင်းက ခေါ်ယူလိုနေကြောင်း နာမည်တပ်ပြီး ထုတ်ပြောခဲ့ပါတယ်။
ကက်တလန်သတင်းတွေမှာတော့ အက်သလက်တီကို မက်ဒရစ်ဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ကို ပြိုင်ဆိုင်ရေး လူစာရင်း တည်ဆောက်ဖို့ရာ သင့်လျှော်တဲ့ ပမာဏမျိုး ရမယ်ဆိုရင် အဲဗာရက်စ်ကို ရောင်းချဖို့ စဉ်းစားလာနိုင်တယ်လို့ ဖော်ပြနေပါတယ်။
လီဗာပူးအသင်းဟာ ကွင်းလယ်၊ ညာအစွန်၊ ဘယ်အစွန်နေရာတွေ အားဖြည့်ပြီးခဲ့ရင် အထောင်တိုက်စစ်နေရာ ဆက်လက် အားဖြည့်လိုပြီး ကစားသမား ရောင်းချရေးက ရလာတဲ့ ပြောင်းရွှေ့ကြေးကို တိုက်ရိုက် အသုံးပြုမှာဖြစ်ပါတယ်။
လီဗာပူးအသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ ညာအစွန်လူ ထရန့်ကတော့ ရီးရဲလ်မက်ဒရစ်ဟာ သူ့ရဲ့ အိပ်မက်အသင်းဖြစ်ပြီး စပိန်ကလပ်အတွက် ကစားပေးဖို့ ကာလရှည် မျှော်လင့်ခဲ့တာလို့ ဆိုသွားပါတယ်။
အပြောင်းအရွှေ့စျေးကွက်မှာ ဒါဝင် နူးညက်စ်အတွက် လမ်းဖွင့်ပေးသွားမှာဖြစ်ပေမယ့် မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးမျိုးရမှ လီဗာပူးဘက်က လက်ခံစကားပြောမှာပါ။
