

လီဗာပူးအသင်းဟာ ဗစ်အတွက် ပေါင် ၁၁၆ သန်း ပေးရမှာဖြစ်ကာ ချယ်ဆီးကွင်းလယ်လူ ကိုင်ဆီဒိုရဲ့ ပေါင် ၁၁၅ သန်းကို ကျော်လွန်ပြီး ဗြိတိန်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်လာပါတယ်။
ရစ်ချက်ဟုချ်နဲ့ ဘုန်းမောက် တာဝန်ရှိသူတွေဟာ ဘယ်အစွန်လူ ကာကက်ဇ်အတွက် ဆွေးနွေးနေကြဆဲဖြစ်ကာ ဟန်ဂေရီသားကို ပေါင် ၄၅ သန်း အောက်ဖြင့် ခေါ်ယူနိုင်ဖို့ လီဗာပူးဘက်က ယုံကြည်ချက်ရှိနေပါတယ်။
လီဗာပူးအသင်းဟာ မာမာဒီရှီဗီလီ၊ ဖရန်းပေါင်၊ ဗစ်၊ ကာကက်ဇ်တို့ ၄ ဦးကို ဇူလိုင်လ ၇ ရက်နေ့ ရာသီကြိုမှာ အသင်းနဲ့ ပူးပေါင်းနိုင်အောင် လုပ်ဆောင်မှာဖြစ်ပါတယ်။
နောက်ထပ် ခေါ်ယူမှုတွေ ထပ်လုပ်ဖို့ရာ လီဗာပူးအသင်းက ရည်ရွယ်ချက် ထားရှိနေပေမယ့် အဲ့မတိုင်ခင် ကစားသမား ရောင်းချရေးကို အားထုတ်ရတော့မှာပါ။
တိုက်စစ်မှူးနေရာဟာ လီဗာပူးအသင်း ပစ်မှတ်ထားနေတဲ့ နေရာဖြစ်သလို ရေရှည် အသုံးပြုနိုင်မယ့် ခံစစ်မှူးသစ် တစ်ဦး ခေါ်ယူရေးကိုလည်း ဦးစားပေး ကိစ္စအဖြစ် ရွေးချယ်ထားပါတယ်။
မနှစ်ကရာသီ လီဗာပူးအတွက် ပွဲထွက် ကစားပေးသူတွေထဲ မိနစ်အများဆုံးရ ကစားသမား ၁၀ ဦးစာရင်းမှာ ထရန့်ဟာ နံပါတ် ၁၀ ချိတ်ပါတယ်။ ရေရှည်မှာ ထရန့်မရှိနိုင်ကြောင်း ကြိုသိထားတဲ့ အာနယ် ဆလော့ဟာ ပြင်ဆင်စရာတွေအတွက် အင်္ဂလန်သားရဲ့ ပွဲချိန်တွေကို လျော့ချခဲ့ပါတယ်။
ဆော်ဒီကလပ် Al-Hilal အသင်းဟာ FSG ရဲ့ ဘောလုံးဆိုင်ရာစီအီးအို မိုက်ကယ်အတ်ဝပ်ကို ခေါ်ယူရေး အပြင်းအထန် အားထုတ်နေပေမယ့် အတ်ဝပ်ကိုယ်တိုင်ကတော့ သူ့ရဲ့ လက်ရှိ တာဝန်မှာ ပျော်ရွှင်နေပါတယ်။