

လီဗာပူးအသင်းနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်တော့တဲ့ ရော်ဘတ်ဆန်ကို အက်သလက်တီကိုဘက်က ခေါ်ယူလိုပေမယ့် ၃၁ နှစ်အရွယ် ဘယ်အစွန်လူအတွက် အတော်လေး နည်းပါးတဲ့ ပြောင်းရွှေ့ကြေးပဲ ပေးလိုပါတယ်။
အက်သလက်တီကိုက ရော်ဘတ်ဆန်ကို ခေါ်ယူလိုကြောင်း သတင်းကို ပထမဆုံး ဖော်ပြခဲ့သူဟာ ရိုမန်နိုဖြစ်ပြီး လီဗာပူးအသင်း မဟုတ်တဲ့ အဖွဲ့က ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ရေး စတင် တွန်းအားပေးနေခြင်းဖြစ်ပါတယ်။
ရော်ဘတ်ဆန်ဟာ ထရန့်နဲ့ အေးဂျင့်အဖွဲ့တူညီပြီး စကော့သားကို သူ့ရဲ့အသင်းဖော်ဟောင်းဖြစ်သူ ထရန့် ရောက်ရှိနေတဲ့ မက်ဒရစ်ထံ ပြောင်းလာဖို့ အဓိက စည်းရုံးနေသူတွေလို့ သုံးသပ်ခံနေရပါတယ်။
ခံစစ်မှူး ကွမ်းဆက်ကို လေဗာကူဆင်က ယူရို သန်း ၃၀ ဝန်းကျင်ဖြင့် ရလိုနေပြီး လီဗာပူးဘက်က ယူရို ၄၅ သန်းအောက်ဖြင့် လက်ခံစကားပြောမယ်လို့ ဂျာမာန်သတင်းတွေက ဆိုပါတယ်။
လီဗာပူးနဲ့ စာချုပ် ၂ နှစ်ပဲ ကျန်တော့တဲ့ အယ်လီဆန်ကို ခေါ်ယူဖို့ တူရကီဘက်က ချိတ်ဆက်ပေမယ့် ဂိုးသမားကြီးက ပယ်ချခဲ့ပါတယ်။
ကွင်းလယ်လူ ဗစ်ဟာ လီဗာပူးအသင်းမှာ တပတ်လုပ်ခ ပေါင် ၂ သိန်းဝန်းကျင် ရရှိသွားမှာဖြစ်ပါတယ်။
ဒီရက်တွေအတွင်း မိုက်ကယ်အတ်ဝပ်နဲ့ ဆော်ဒီကလပ် Al-Hilal ကြား တွေ့ဆုံမှုဟာ ဒါဝင် နူးညက်စ်အတွက်ကလွဲလို့ အခြားအကြောင်း မရှိခဲ့ဘူးလို့ သတင်းထောက်အချို့က ဖော်ပြပါတယ်။
လီဗာပူးအသင်းဟာ ကိုစတက်အတွက် ပရီးမီးယားလိဂ်ကလပ် အချို့ထံက ချဉ်းကပ်မှုရမယ် မျှော်လင့်ထားပေမယ့် တရားဝင် စကားပြောမှုတွေ မရှိသေးပါဘူး။
လာမယ့်ရာသီ လီဗာပူးဘယ်ခြမ်းမှာတော့ ဘယ်အစွန်လူ ၃ ဦးထိ ထားရှိသွားမှာ မဟုတ်ပါဘူး။
လီဗာပူးအသင်းနဲ့ အေဂျက်အသင်းတို့ဟာ ဂိုးသမား ဂျာရိုစ့်ရဲ့ အငှား အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရထားပြီဖြစ်ပါတယ်။