

ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဗစ်ဟာ ဒီအပတ်မှာပဲ အားလပ်ရက်ကနေ ပြန်လာပြီး လီဗာပူးအသင်းနဲ့ ဆေးစစ်မှု ပြုလုပ်ပါမယ်။
ဗစ်ရောက်လာခြင်းကြောင့် ဆိုဘိုစလိုင်ဟာ သူ့ရဲ့ တိုက်စစ်လိုက်ပါမှုကို လျော့ချပြီး နံပါတ် ၈ သမားအဖြစ် ကစားခွင့်ရလာနိုင်ပါတယ်။ လီဗာပူးကွင်းလယ်ဟာ ဂရာဗင်ဘက်ချ်၊ မာကာ၊ ဆိုဘိုစလိုင်၊ ဗစ်တို့နဲ့အတူ ရွေးချယ်စရာတွေ ပိုများလာခဲ့ပြီဖြစ်ပါတယ်။
လာလီဂါမှ အေတီကိုအပြင် အီတလီကလပ် နာပိုလီကလည်း ဒါဝင် နူးညက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အခုချိန်ထိတော့ လီဗာပူးဘက်က တရားဝင် ကမ်းလှမ်းမှု မရသေးပါဘူး။
အေတီကိုဟာ ဘယ်အစွန်လူ ရော်ဘတ်ဆန်ကို အလွတ်ဖြင့် ခေါ်ယူလိုနေခြင်းဖြစ်ကာ ပြောင်းရွှေ့ကြေး ပေးရမယ်ဆိုရင်လည်း နည်းပါးတဲ့ ပမာဏတစ်ရပ်ပဲ ပေးလိုနေပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ အလွတ်ဖြင့် ခေါ်ယူရေး ပေါ်လစီဟာ ရေရှည်မှာ ကလပ်တွေ ဂရုစိုက်ရမယ့် ပြဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ ရီးရဲလ်ဟာ စာချုပ်ကုန်ခါနီး ကစားသမားတွေကို ကြိုတင် ချိတ်ဆက်ကာ သက်တမ်းမတိုးဘဲ သူတို့ထံ ပြောင်းလာဖို့ စည်းရုံးလာတာပါ။
လီဗာပူးခံစစ်မှူး ကိုနတေးဟာ အဆိုပါ အခြေအနေမျိုးနဲ့ ပစ်မှတ်ထားခံနေရပြီး သူဟာ အသင်းနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိပါတယ်။
လက်ရွေးစင်အသင်းဖော် ကာကက်ဇ်ရဲ့ အပြောင်းအရွှေ့ အခြေအနေကို သူ မသိပါဘူးလို့ ဆိုဘိုစလိုင်က ထုတ်ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ရိုဘို၊ ကိုစတက်တို့ရဲ့ အပြောင်းအရွှေ့ ကိစ္စကို အမြန်ဆုံး အသက်ဝင်ဖို့ အားထုတ်နေပြီး လာမယ့်ရာသီ ဘယ်အစွန်မှာ ကစားသမား ၃ ဦးထိ ထားသွားမှာ မဟုတ်ပါဘူး။