

လီဗာပူးပိုင်ရှင်တွေဖြစ်တဲ့ FSG ဟာ multi-club model ကို အစပျိုးတော့မှာဖြစ်ကာ လာလီဂါကလပ် ဂီတာဖေးကို ဝယ်ယူဖို့ ဦးလှည့်လာနေပြီဖြစ်ပါတယ်။
နယူးကာဆယ် တိုက်စစ်မှူး အီဆက်ကို ခေါ်ယူဖို့ လီဗာပူးဘက်က စိတ်ဝင်စားနေဆဲဖြစ်ကာ တိုက်စစ်ပိုင်း ရှင်းထုတ်မှု အချို့ ပြုလုပ်နိုင်ရင် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးတရပ်ကို ထပ်မံ ချိုးဖျက်မယ်လို့ ယုံကြည်သူတွေ တိုးပွားလာနေပါတယ်။
နယူးကာဆယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပေမယ့် အီဆက် ကိုယ်တိုင်က လီဗာပူးထံ ပြောင်းလိုစိတ်ရှိတယ်လို့ သတင်းထွက်နေပြီး အခုချိန်ထိတော့ ကောလဟာလ အဆင့်မှာတင် သတင်းတွေကျယ်ပြန့်နေပါတယ်။
ဗစ်နဲ့ ဖရန်းပေါင်တို့ဟာ အားလပ်ရက်ကို အတူ ကုန်ဆုံးနေကြခြင်းဖြစ်ကာ ဒီအပတ်မှာပဲ ဗစ်က လီဗာပူးထံရောက်လာပြီး ဆေးစစ်ပါမယ်။
ကွင်းလယ်လူ အန်ဒိုကတော့ သူ လီဗာပူးအသင်းမှာပဲ ဆက်နေမှာဖြစ်ပြီး နောက်ရာသီ အသင်းပြောင်းဖွယ် မရှိဘူးလို့ ဆိုပါတယ်။
လီဗာပူးအသင်း နည်းစနစ်ဒါရိုက်တာ ဂျူလီယန်ဝတ်ကို နယူးကာဆယ်အသင်းက Paul Mitchell နေရာ အစားထိုးဖို့ လျာထားပါတယ်။
မီလိုစ့်ကာကက်ဇ်တို့ဘက်ကတော့ လီဗာပူးထံ ပြောင်းရေးကို ခြေတစ်ဘက် လှမ်းထားပြီဖြစ်ကာ ကလပ်တွေကြား သဘောတူညီမှုရဖို့ပဲ လိုအပ်ပါတယ်။
ဘုန်းမောက်ဘက်က ကာကက်ဇ်အတွက် ပေါင် ၄၅ သန်း စျေးခေါ်ထားပေမယ့် လီဗာပူးဘက်က ပေါင် သန်း ၄၀ ဝန်းကျင်ဖြင့် ခေါ်နိုင်ဖို့ ညိနှိုင်းနေခြင်းဖြစ်ပါတယ်။
ဒါဝင် နူးညက်စ်ရဲ့ အပြောင်းအရွှေ့ ကိစ္စဟာ လာမယ့် ရက်ပိုင်းတွေအတွင်း သိသာထင်ရှားမှု တစ်ခုခု စတင်မြင်တွေ့လာရမယ်လို့ အသံထွက်နေပါတယ်။
ဒါဝင်ကို လာလီဂါ၊ စီးရီးအေနဲ့ ဆော်ဒီလိဂ်တွေထံက ချဉ်းကပ်မှုတွေရှိနေကာ ကစားသမားကတော့ ဥရောပမှာပဲ ဆက်ကစားလိုပါတယ်။ လက်ရှိချိန်ထိတော့ လီဗာပူးအသင်းထံ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လာကြခြင်း မရှိသေးပါဘူး။