ကွမ်းဆက်၊ ဒါဝင်အတွက် ပြောင်းရွှေ့ကြေး ညိနှိုင်းကြရဖွယ်ရှိခြင်း၊ ဂူဟီကို ခေါ်ဖို့ ပြင်ဆင်နေခြင်း၊ ဆေးစစ်နေတဲ့ ဗစ်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ရစ်ချက်ဟုချ်ဟာ ဘုန်းမောက်တာဝန်ရှိသူတွေဘက်က ပေါင် ၄၅ သန်း စျေးသတ်မှတ်ထားတဲ့ ကာကက်ဇ်အတွက် အကျိတ်အနယ် ဆွေးနွေးနေပြီး ပေါင် သန်း ၄၀ ဝန်းကျင်ဖြင့် သဘောတူညီမှုရဖို့ အပေါင်းလက္ခဏာ ဆောင်နေပါတယ်။

နာပိုလီအသင်းဟာ ဒါဝင် နူးညက်စ်အတွက် ပေါင် ၃၇ သန်းဝန်းကျင် တန်ကြေးရှိကမ်းလှမ်းမှု ပြုလုပ်လိုပြီး လီဗာပူးဘက်ကတော့ ပေါင် သန်း ၅၀ ဝန်းကျင်ရလိုပါတယ်။

လေဗာကူဆင်ဟာ ကွမ်းဆက်အတွက် ပေါင် ၂၅ သန်းဝန်းကျင် စျေးပေးလိုနေကာ လီဗာပူးဘက်က ပေါင် သန်း ၄၀ တန်ကြေးရှိ ကမ်းလှမ်းမှုမျိုးရမှ ထွက်ခွင့်ပေးမှာပါ။

အသက် ၂၂ နှစ်အရွယ် ခံစစ်မှူး ကွမ်းဆက်က ပုံမှန်ပွဲကစားခွင့်အတွက် အပြောင်းအရွှေ့ကို လမ်းဖွင့်ထားတာကြောင့် အစားထိုးစရာ ခံစစ်သမားကို လီဗာပူးဘက်က ရှာဖွေမှု လုပ်နေပြီး ပဲလေစ့်မှ ဂူဟီကို သဘောကျနေပါတယ်။

လီဗာပူးအသင်းရဲ့ ဘဏ္ဍာရေးဟာ တောင့်တင်းမှုရှိထားပေမယ့် နောက်ထပ် ခေါ်ယူမှုတွေ ပြုလုပ်နိုင်ရေး အသင်းရှိ ကစားသမားအချို့ကို ရောင်းထုတ်ရမှာဖြစ်ပါတယ်။

ကွင်းလယ်လူ ဗစ်ဟာ ပထမပိုင်း ဆေးစစ်မှုကို ပြီးမြောက်ခဲ့ပြီဖြစ်ကာ နောက်ထပ် ဆေးစစ်မှုတွေ ပြုလုပ်နေပြီး ဒီကနေ့မှာ တရားဝင် ကြေညာမှု လုပ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

ပဲလေစ့်မှ ဝါတန်နဲ့ ဆောက်သမ်တန်မှ ဒစ်ဘလင်တို့လို လူငယ်ကြယ်ပွင့်တွေကို လီဗာပူးဘက်က သဘောကျပေမယ့် လက်တလော ချိတ်ဆက်မှု မရှိသေးပါဘူး။

လီဗာပူးအသင်း နည်းစနစ်ဒါရိုက်တာ ဂျူလီယန်ဝတ်ဟာ နယူးကာဆယ် အားကစားဒါရိုက်တာ ရာထူးအတွက် အင်တာဗျူးဝင်သွားမယ်လို့ သိရပါတယ်။